.
18/Mar/2009
စစ္စလီကျွန်းတောင်ဘက်ပိုင်း Ragusa ဒေသတွင် ယမန်နေ့က ခွေးလေခွေးလွင့်တစ်သိုက်၏ ၀ိုင်းဝန်း
ကိုက်ခဲမှုကြောင့် အသက် ၁၀ နှစ်အရွယ် ယောက်ျားလေး တစ်ဦး သေဆုံး၍ အသက် ၂၄ နှစ်အရွယ် အမျိုးသမီး
တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ အကောင် ၃၀ ခန့်ပါဝင်သည့် အဆိုပါခွေးလေခွေးလွင့်အုပ်စုအား အီတလီ
ရဲတပ်ဖွဲ့က လိုက်လံရှာဖွေဖမ်းဆီးလျက်ရှိသည်။ တိရစ္ဆာန်အခွင့်အရေးစောင့်ကြည့် လေ့လာသူများ၏ မှန်းဆချက်
အရ အီတလီနိုင်ငံတောင်ဘက်ပိုင်းတွင် ခွေးလေခွေးလွင့်ကောင်ရေ ငါးသိန်းကျော်ထိရှိ၍အများစုသည်ပိုင်ရှင်များ
၏ စွန့်ပစ်ခံရမှုကြောင့် ဦးတည်ရာမဲ့ လျှောက်သွားနေကြောင်းသိရှိရသည်။ Ragusa ကမ်းခြေအနီးတွင် အင်္ဂါနေ့က
ဖြစ်ပွားသော ခွေးလေခွေးလွင့်များ၏ တိုက်ခိုက်ခံရမှုတွင်ပါဝင်သည့် ဂျာမန် ခရီးသွားဧည့်သည် အမျိုးသမီးသည်
မျက်နှာတွင် ပြင်းထန်စွာဒဏ်ရာရရှိမှုကြောင့် အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေတွင်ရှိသည်။ (ဘီဘီစီ)
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment