ကားလမ်းပိတ်ဆို့နေချိန်တွင် အလိုအလျောက် မောင်းနှင်နိုင်မည့် Volvoကားသစ်

.

Dec 29 08

နာမည်ကျော် မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သော Volvoက ၎င်းတို့၏ အသစ်ထုတ်ကားတွင် Auto-Driverစနစ် ထည့်သွင်းပေးသွားမည်ဟု ကတိပြု ပြောဆိုခဲ့သည်။ Groundbreaking Systemဟု အမည်ပေးထားသော အဆိုပါစနစ်ကို Volvo၏ မျိုးဆက်သစ် မော်ဒယ်လ်ကားများတွင် တပ်ဆင်သွားမည်ဖြစ်ပြီး ထိုစနစ်သည် ကားလမ်းများ ပိတ်ဆို့နေသည့် အချိန်များတွင် အလွန်အသုံးဝင်မည်ဖြစ်သည်။ ရေဒါအခြေပြု ဆားကစ်ထိန်းချုပ်မှု စနစ်သစ်အရ ရှေ့ကား၏ တည်နေရာကို စနစ်က အလိုအလျောက် ထောက်လှမ်းမည်ဖြစ်ပြီး ရှေ့ကားရွေ့သည့်အတိုင်း လိုက်လံရွေ့လျားမည်ဖြစ်သလို ရှေ့ကား ရပ်တန့်ချိန်တွင်လည်း ရပ်တန့်သွားမည်ဖြစ်သည်။

အကယ်၍ ရှေ့တွင် အန္တရာယ်ဖြစ်စေမည့် အခြေအနေမျိုး ပေါ်ပေါက်လာပါက စနစ်သည် အလိုအလျောက် အသက်ဝင်လာပြီး ကားဘရိတ်ကို အပြည့်အ၀ အလုပ်လုပ်သွားအောင် ထိန်းချုပ်ခိုင်းစေသွားမည် ဖြစ်သည်။ Volvoက ကမ္ဘာတ၀ှမ်း နှစ်စဉ်ယာဉ်တိုက်မှု တိုးတက်လာခြင်းကို တုန့်ပြန်ရန်နှင့် ကားမောင်းသူများ အဆင်ပြေ လွယ်ကူစေရန် ယခုစနစ်ကို တီထွင်ခဲ့ကြောင်း ကြေငြာခဲ့သည်။ ကုမ္ပဏီအနေနှင့် လာမည့်(၂၀၂၀)ခုနှစ်တွင် Volvoထုတ် မော်တော်ကား စီးနင်းနေရင်း ယာဉ်တိုက်မှုကြောင့် သေကြေဒဏ်ရာရသူ တစ်ဦးမျှ မရှိတော့ကြောင်း မှတ်တမ်းတင်နိုင်ရေး ရည်ရွယ်ထားကြောင်း ကြေညာသွားသည်။

စနစ်သစ်အရ အာရုံခံကွန်ပျူတာများနှင့် ချိတ်ဆက်နိုင်ရန် မော်တော်ကား ရှေ့၊ နောက်၊ ၀ဲနှင့် ယာဘက်များတွင် ကင်မရာလေးများ တပ်ဆင်ထားမည်ဖြစ်သည်။ ယခုစနစ် တပ်ဆင်ထားသော Volvo S60ကားသစ်ကို (၂၀၁၀)တွင် ဈေးကွက်အတွင်း စတင်ဖြန့်ချီမည်ဖြစ်ပြီး ဥရောပဈေးကွက်ကို ထိုးဖောက်နိုင်ရန် အဓိကရည်ရွယ်ထားဖွယ်ရှိကြောင်း သတင်းရရှိသည်။

http://www.planet.com.mm/news/read.cfm/id/11480



0 comments: