နအဖစစ်အုပ်စုအကြီးအကဲဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏မြေးဖြစ်သူအသက်၁၇နှစ်အရွယ် ဖိုးလပြည့်(ခ)နေရွှေသွေးအောင်က ၎င်း၏လုံခြုံရေးက်ုတာဝန်ယူပေးရသည့် ဆင်စွယ် အမည်ရှိလူမိုက်ဂိုဏ်းကိုတည်ထောင်ဖွဲ့စည်းထားကြောင်း၎င်းနှင့်နီးစပ်သည့်စီးပွားရေး
ငန်းရှင်တစ်ဦး၏သားဖြစ်သူကFreedom News Group သို့ပြောပြသည်။နှစ်သစ်ကူး ကာလရန်ကုန်တွင်နေထိုင်စဉ်အတွင်း
ကမာရွတ်အင်းလျားလမ်းတွင်ဖြစ်ပွားခဲ့သည့်ပြသနာများကြောင့်၎င်းအတွက်အန္တရာယ်များနေ၍ ထိုသို့ဖွဲ့စည်းရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
အမည်မဖော်လိုသောစီးပွားရေးငန်းရှင်တစ်ဦး၏သားဖြစ်သူကဖိုးလပြည့်ရဲ့ ဆင်စွယ် ဂိုဏ်း မှာပါသူတွေကရဲနဲ့စစ်တပ်ဘက်က လူကြီးသားသမီးတွေရယ်သူနဲ့ရင်းနှီးတဲ့စီးပွားရေးလုပ် ငန်းရှင်ကြီးတွေရဲ့သားသမီးတွေလည်းပါတယ် နောက်သူ့ဘောလုံးကလပ်ကလူတွေလဲပါ တယ်ဟုထုတ်ဖေါ်ပြောဆိုခဲ့သည်၊၊
နေရွှေသွေးအောင်နှင့် ဆင်စွယ်ဂိုဏ်းသားများမှာအင်လျားလမ်းရှိဆိုင်များတွင်တွေ.ဆုံမှုများ ရှိပြီးTabel Reserved တွင် ဆင်စွင် ဟု reserved လုပ်သည်ဟုသိရသည်။ဆင်စွယ်ဂိုဏ်း
သားများမှာနေရွှေသွေးအောင်နှင့်အတူရှိုးပွဲနှင့်ကလပ်များကိုအလကားဝင်လေ့ရှိပြီးနေရွှေ သွေးအောင် ဖြစ်သမျှ သူတာဝန်ယူမည် ဟုကတိ ပေးထားမှုအပေါ်တွင်သာယာနေသူများဖြစ်
သည်ဟု၎င်းတို့နှင့်ကြုံဖူးသည့်ဟိုတယ်ဝန်ထမ်းတစ်ဦးကသုံးသပ်ပြောဆိုခဲ့သည်။
http://saiwunna.focusburma.com/?p=833
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment