ကိုယ်ပျောက်နိုင်တဲ့ ပန်းချီဆရာ


ဒါဟာကွန်ပြူတာလှည့်ကွက်လဲမဟုတ်ဘူး၊ မှော်ဆရာလည်းမဟုတ်ဘူး၊ သူကတော့ ကမ္ဘာတဝန်းကိုလှည့်လည်သွားနေပြီး ထူးထူးခြားခြား သူ့နဲ့ခန္ဓာကိုယ် ကိုပါ ပန်းချီထဲ ထည့်ဆွဲတဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်း လုပ်နေသူ Liu Bolin ဘဲဖြစ်ပါတယ်။ ၃၆ နှစ်အရွယ်ရှိတဲ့ ဒီပန်းချီဆရာကတော့ ဆွဲမဲ့ ပုံတစ်ခုကိုနောက်ခံထားပြီး အရှေ့မှာ သူရပ်တယ် ပြီးတော့ သူခန္ဓာကိုယ်က ကာထားတဲ့ အနောက်ကမြင်ကွင်း အစိတ်အပိုင်းတွေကို သူကိုယ်ပေါ်မှာပြန်လည်ရေးဆွဲခြင်းပါ။ တရုတ်နိုင်ငံ အရှေ့ပိုင်း သား Liu Bolin ဟာ သူ့ကိုယ်မှာရေးဆွဲတဲ့ ပန်းချီးနဲ့ နောက်ခံမြင်ကွင်းအပေါ်မှာ အလွဲမှားမရှိ မတိမ်းစောင်းအောင် ကျွမ်းကျင်စွာ မတ်တပ်ရပ်နိုင်ပါတယ်။ ဖုန်းဆက်တဲ့ အခန်းငယ် နဲ့ ငလျင်လှုပ်လို့ ပျက်စီးနေတဲ့ အုတ်ကျိုးပုံတွေကိုကြည့်ရင် သူရဲ့ ကျွမ်းကျင်စွာ အတိမ်းအစောင်မရှိ မတ်တပ်ရပ်နေတာကို ကြည့်ရင်သိနိုင်ပါတယ်။ Liu Bolin က လူတချိုကတော့ ကျွန်တော့်ကို ကိုယ်ပျောက်လူသား လို့ခေါ်ကြတယ် တကယ်တမ်းတော့ ဒါဟာ ပန်းချီးတစ်ခုဘဲဖြစ်ပါတယ်။

အောက်မှာ ပုံတချို့ကိုဆက်လက်ဖွင့်ကြည့်နိုင်ပါသည်။








0 comments: