Leafy sea dragon


Leafy sea dragon ဆိုတဲ့ငါးကို မြန်မာလိုတော့ဘယ်လိုခေါ်လဲမသိဘူး ဒီရေသတ္တဝါကတော့ ရေနဂါးမျိုးစုထဲမှာပါဝင်ပါတယ်။ သူ့ရဲ့ဆူးတောင်တွေကတော့ ပင်လယ်ရေအောက်မှာရှိတဲ့ အပင်များရဲ့ အရွက်လို ပုံစံမျိုးဖြစ်နေတော့ အမှတ်အမဲ့ ကြည့်လိုက်လျှင် ပင်လယ်ရေအောက်က သစ်ပင်၊သစ်ခက် မျှောနေတဲ့ပုံစံမျိုးတွေ့ရပါတယ်။ အရွယ်အစားအနေအားဖြင့်တော့ ရေနဂါး လောက်သာရှိပြီး ၃ဝ စင်တီမီတာ ပါတ်ဝန်းကျင်သာ ကြီးထွားပါတယ်။ အပင်မျှောလှေးနှင့် အကောင်မျှောလှေး နှင့် အခွံမာ ရေသတ္တ၀ါ၊ ခရတ်စတေးရှင်း များကိုစားသောက် အသက်ရှင်ပါတယ်။ Leafy sea dragon တွေဟာ ပါတ်ဝန်းကျင်ပေါ်မှာမူတည်ပြီး အရောင် ပြောင်းလဲ တတ်ကြပါတယ်။ ပိုက်ကဲ့သို့ရှည်လျှားသော နှုတ်သီးဖြင့်အစာကို စုတ်ယူစားသောက်တတ်ပါတယ်။ Leafy sea dragon အမဟာ တောက်ပတဲ့ ပန်းရောင် ဥ ၂၅ဝ လောက်ဥတတ်ပြီး အထီးကတော့ အဲ့ဒီဥကို စောင့်ရှောက်ရပါတယ်။ ဥတွေကို ထိခိုက်မှု့မရှိရန်နှင့် အောက်စီဂျင်ပေးဖို့ အတွက် Leafy sea dragon အထီးက စွမ်းဆောင်ရပါတယ်။ ပုံမှန်အားဖြင့်တော့ ၅ ရာခိုင်နှုန်းလောက်သာ အကောင်ပေါက်ခြင်းအဆင့်ကိုရောက်ရှိ သွားပါတယ်။ အကောင်ပေါက်အရွယ်ကနေ ပြီး အရွယ်ရောက် sea dragon ဖြစ်ဖို့အတွက်ကတော့ ၂၈ လ အချိန်ကြာပါတယ်။ ရေထဲမှာ ရွေလျားသွားလာနှုန်းကတော့ တစ်နာရီကို ၁၅ဝ မိတာ အမြန်အနှုန်းအထိသွားလာနိုင်ပါတယ်။ Leafy sea dragon တွေကိုတော့ သြစတေးလျအနောက်ဖက် ပင်လယ်ပြင်တစ်ခုတည်းမှာသာတွေ့ရှိနိုင်ပါတယ်။



1 comments:

sweetpeony said...

အင်း
အဲဒါ စင်ကာပူက စန်တိုဆာမှာပြထားလို့ မြင်ဖူးတယ်
း)