.
ကိုမာ (coma) ရောဂါဆိုတာ အလုံးသိကြမှာပါ။ ဒီရောဂါဝေဒနာ ခံစားရတဲ့သူတွေဟာ နှလုံးခုန်နေလို့သာ အသက်ရှိတယ်လို့ သတ်မှတ်ထားရတာ ကျန်တာကတော့ သေနေတဲ့လူတစ်ယောက်နဲ့ အတူတူပါဘဲ။ ဒီလိုလူမျိုးကို (၁၃) နှစ်ကြားပြုစုခဲ့တဲ့ အမျိုးသမီးကို လည်း တော်တော်ချီးကျူးမိပါတယ်။ အချစ်စစ်လို့ ပြောရမှာပေါ့နော်... ဟဲဟဲ
တရုပ်ပြည် Beijing မှာ လူတစ်ယောက်ဟာ ကိုမာ (coma) ရောဂါကို ၁၃ နှစ်ကြာခံစားခဲ့ရာမှ သူနာပြုတစ်ယောက်ဖြစ်တဲ့ သူ့ရဲ့ဇနီးသယ် က နေ့စဉ်မညီးမညူပြုစုခဲ့ရာကနေ ပြန်လည်ကောင်းမွန်လာပြီးလို့ Beijing Daily သတင်းစာက ဖော်ပြထားပါတယ်။ အသက် ၅၁ နှစ်ရှိပြီးဖြစ်တဲ့ Yang Liying က သူမရဲ့ခင်ပွန်းဟာ မတော်တဆ ဂက်စ် အဆိပ်သင့်ပြီး ဒီကိုမာ ရောဂါကို ခံစားခဲ့ရာတာ ဖြစ်ပါတယ်။ ကျွန်မ လုံးဝ အရှုံးမပေးနိုင်ဘူး ဘာလို့လဲဆိုတော့ ကျွန်မတို့က ဇနီးမောင်နှံတွေဖြစ်ပါတယ် လို့ သူမကပြောခဲ့ပါတယ်။ ကျွန်ခဲ့တဲ့လက သူမဟာ သူမရဲ့ နေ့စဉ်အိမ်မှု့တာဝန်တွေကို လုပ်နေစဉ်မှာ သူမယောက်ျားက သူမနာမည်ကို စပြီးတော့ ပြန်လည် ခေါ်တာ ကြားလိုက်ရတယ်လို့ သူမက ပြောပြပါတယ်။ အဲ့ဒီအချိန်က စပြီးတော့ စကားတချို့လဲ ပြောလာနိုင်ပြီး တဖြည်းဖြည်း နဲ့ အခြေအနေတိုးတက်ကောင်းမွန်လာတာ အခုဆို သူ့ဟာသူတောင် ထမင်းစားလို့ ရနေပြီလို့သိရပါတယ်။
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment