ကမ္ဘာ လူသတ်မှု့အများဆုံး ကျူးလွန်သူ (၁ဝ) ယောက်


Wayne Williams - ၃၁ ယောက်

သူကတော့ ၁၉၇၉ မှ ၁၉၈၁ ထိ အတ္တလန်တာ နှင့် ဂျော်ဂျီယာ ဘက်မှာ အတ္တလန်တာလူသတ်သမားဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားခဲ့သူပါ။ အဖမ်းခံခဲ့ရတာကတော့ အသက် ၂၉ နှစ်ရှိတဲ့ Jimmy Payne နဲ့ Nathaniel Carter (၂၇) နှစ် တို့ကိုသတ်မှု့နဲ့အဖမ်းခံခဲရပြီး နောက်ဆုံး အမှု့စစ်ရင်းနဲ့ ကလေး ၂၉ ယောက်ကို အဲ့ဒီ ပြည်နယ်ဖက်မှာ သတ်ထားတဲ့ နောက်ဆက်တွဲအမှု့တွေ ပါ ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။ သူတော့ ဒီနေ့အထိ ကျွန်တော့်မှာ အပြစ်မရှိဘုးလို့ ငြင်းနေဆဲဖြစ်ပါတယ်။


Dean Corll - ၂၇ ယောက်

The Candy Man ဆိုနဲ့ နာမည်ကျော်ခဲ့သူပါ။ အကြောင်းအရင်းကတော့ သူအမေမှာ သကြားလုံးထုတ်တဲ့စက်ရုံငယ်လေးပိုင်ဆိုင် ထားခြင်းကြောင့်လဲ ဒီနာမည်ကိုရခဲ့တာဖြစ်ပါတယ်။ ၁၉၇ဝ-၁၉၇၃ ကဖြစ်ခဲ့တဲ့ Houston Mass Murders နဲ့လူသိခဲ့ပြီး အဲ့ဒီလူသတ်မှုမှာပါဝင်တဲ့ ကြံရာပါနှစ်ယောက် ဖြစ်တဲ့ Elmer Wayne Henley နှင့် David Brooks နှစ်ယောက်ထဲက Henley နှစ် သူရဲ့အိမ်မှာ စကားများပြီး Henley ရဲ့သေနတ်ဖြင့်ပြစ်သတ်ခဲ့ခြင်းကိုခံခဲ့ရပါတယ်။


John Wayne Gacy - ၃၃ ယောက်

လူရွင်တော်လူသတ်သမားလို့ လူသိများကြပါတယ်။ ပါတီပွဲတွေ တော်တော်များများမှာလဲ လူရွင်တော်ဝတ်စုံဖြင့် တက်ရောက်တတတ်ပြီး လူရွင်တော်အမူအရာများဖြင့် သူ့ရဲ လူသတ်မှု့တွေကို ဖုံးကွယ်ထားခဲ့ပါတယ်။ ၁၉၇၂ မှ ၁၉၇၈ ခုနှစ်အတွင်းမှာ အသက်ငယ်ရွယ်တဲ့ ယောက်ျားလေး ၃၃ ယောက်ကို မုဒိန်ကျင့်ပြီးသတ်ပစ်ခဲ့ပါတယ်။ အများစုကတော့ သူအိမ်မှာ ဆေးထိုးသတ်ပြီး သူ့အိမ်အောက်က တွင်းထဲမှာ အစဖျောက်ခဲ့ပါတယ်။ အများက နိုင်ငံရေးဖြင့်ထင်ပေါ်သူ မြို့မျက်နှာဖုံး အဖြစ်လေးစား ခံခဲရသူလည်းဖြစ်ပါတယ်။ သူရဲ့ပထမဆုံးမိန်းမက သူ့လျှို့ဝှက်ကို ဖော်ထုတ်ပြောပြခဲ့ခြင်းကြောင့် အများသိခဲ့ရခြင်း ဖြစ်ပါတယ်။

Gary Ridgeway - ၄၈ ယောက်သတ်မှု့နှင့်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသောလဲ၊ နောက်ဆုံးမှာ သူဟာ အယောက် ၉ဝ လောက် သတ်ခဲ့ပါတယ်လို့ ဝန်ခံခဲ့ပါတယ်။


Green River Killer လို့ လူသိများကြပါတယ် ဘာလို့လဲဆိုတော့ သူသတ်ခဲ့တဲ့လူတွေရဲ့ အလောင်း ကို ဝါရှင်တန် မြို့ရဲ့ Green River မြစ်ထဲမှာ ဖျောက်ဖျက်ခဲ့လို့ဘဲဖြစ်ပါတယ်။ ၁၉၈ဝ ခုနှစ်မှာ Gary ဟာ အမေရိကန်နိုင်ငံရဲ့ သမိုင်းမှာ လူသတ်မှု့ အများဆုံးကျူးလွန်ခဲ့သူလို့ မှတ်တမ်းတင်ခဲ့ပါတယ်။ သူဟာ မိန်းမပျို လေးတွေကို အတင်း ဖြားယောင်း သွေးဆောင်ကာ ဗလက္ကာရပြုလုပ်ပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ ၂ဝ၁ဝခုနှစ်မှာ သူကျူးလွန်ဖျောက်ဖျက်ထားတဲ့ လွန်ခဲ့တဲ့ အနှစ် ၂ဝ ကလူသတ်မှု့ တစ်ခုရဲ့ ကွင်းဆက်နှင့် DNA စစ်ဆေးချက် သက်သေအခိုင်အလုံ တွေ့ရှိခဲ့ခြင်းကြောင့် ပြစ်ဒဏ်ပေးခြင်း ခံခဲရပါတယ်။


Moses Sithole - ၃၈ ယောက်ကိုသတ်ပြီး၊ အယောက် ၄ဝ ကို ဗလက္ကာရပြုလုပ်ခဲ့သူ

အာဖရိကမှာ ABC လူသတ်သမားကြီးအဖြစ်နာမည်ကျော်ခဲ့သူပါ။ အကြောင်းကတော့ Atteridgeville, Boksburg နှင့် Cleveland အမည်ရှိသော ရွာသုံးရွာကိုဦးဆောင်ပြီး ဦးဆောင်ပြီး သူဟာဘယ်သူဘယ်ဝါဖြစ်တယ်ဆိုပြီး သဲကန္တာရ တစ်ခုမှာ အုပ်ချူပ်ပြီး အဲ့ဒီပြစ်မှု့ကို ကျူးလွန်ခဲ့သူဖြစ်ပါတယ်။ ၁၉၉၅မှာ ဖမ်းမိပြီး ၁၉၉၇မှာ ထောင်ဒါဏ် ၂၄၁ဝ နှစ်ချမှတ်ခြင်းခံခဲ့ရပါတယ်။ ၂ဝဝဝ ခုနှစ်မှာတော့ ထောင်ထဲမှာ Sithole ဟာ AIDS ဖြစ်နေတယ်လို့ သတင်းပို့ခဲ့ပါတယ်။

နောက် ၅ ယောက်ကို ဆက်လက်ဖော်ပြပါမည်။


0 comments: