ပင်မဆဲလ်မှ သုက်ပိုးဖန်တီးနိုင်

planet
Posted on Jul 20 09

ဗြိတိန်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ပညာရှင်များသည် သန္ဓေအောင်ခြင်းဆိုင်ရာ ဆေးပညာအတွက် အရေးပါသော လုပ်ဆောင်မှုတစ်ခုကို အကောင်အထည် ဖော်လိုက်နိုင်ပြီဖြစ်သည်။ နယူးကာဆယ်လ် တက္ကသိုလ်မှ ပါမောက္ခကာရင်မ်နာရာနီယာ ဦးဆောင်သော သုတေသီအဖွဲ့သည် သားအိမ်တွင်ရှိသော ပင်မဆဲလ်များမှ လူ့သုက်ပိုးကို ဓာတ်ခွဲခန်းတွင် ဖန်တီးအောင်မြင်ခဲ့ကြောင်း အတည်ပြု ကြေညာခဲ့သည်။ ယခုစမ်းသပ်မှုတွင် အရှေ့မြောက် အင်္ဂလန် ပင်မဆဲလ်ဆိုင်ရာ
http://www.planet.com.mm/news/read.cfm/id/13057

ပညာရေးသိပ္ပံနှင့် ကောလိပ်ကျောင်းကလည်း ပူးပေါင်းပါဝင်ခဲ့သည်။ လူနှင့် တိရစ္ဆာန်များတွင် အဖိုသုက်ပိုးများသည် လိင်ဆိုင်ရာ ပင်မဆဲလ်များမှ အသွင်ပြောင်းလာသည့် ဖြစ်စဉ်ကို အခြေခံကာ အမမျိုးပွားအင်္ဂါဖြစ်သည့် သားအိမ်မှ ပင်မဆဲလ်များဖြင့် စမ်းသပ်ခဲ့ရာမှ ယခုလို အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း ပညာရှင်များက ဆိုသည်။ Gonocyteခေါ် အဖိုဆဲလ်များသည် အရွယ်ရောက်ပြီး အမျိုးသားများ၏ သုက်ရည်အတွင်း ကောင်းစွာဖွံ့ဖြိုးလာရာမှ အချို့တို့သည် သုက်ပိုးဆဲလ်များအဖြစ် ဆက်လက်ပြောင်းလဲလာသည်။ မျိုးဗီဇ ပြောင်းလဲမှု အချက်အလက်များကို အခြေခံပြီး ယခုစမ်းသပ်မှုကို ပြုလုပ်ခဲ့ကြောင်း ဒေါက်တာ နာရာနီယာက ရှင်းပြခဲ့သည်။ “ကလေးမရနိုင်လို့ စိတ်ညစ်နေတဲ့ စုံတွဲတွေအတွက် မျှော်လင့်ချက် ဖြစ်လာစေမယ့် သတင်းကောင်းပါ။ တခြားလူ တစ်ယောက်စီက သုက်ပိုးအလှူမခံပဲ ကိုယ်တိုင်ကလေးရမယ့် အခြေအနေမျိုး ကျွန်တော်တို့တွေ လမ်းစဖော်လိုက်နိုင်ပါပြီ”ဟု ပါမောက္ခကြီးက ဆိုသည်။ “ဆဲလ်တွေ ဘယ်လို အလုပ်လုပ်တယ်၊ ဘယ်လို အသစ်ပြန်ဖြစ်တယ်၊ အဆိပ်အတောက် ပစ္စည်းတွေကြောင့် ဘယ်လို သက်ရောက်မှုရှိတယ် ဆိုတဲ့အချက်တွေကို သေချာလေ့လာပြီးမှ ဒီစမ်းသပ်မှုက အထမြောက်ခဲ့တာပါ။ ငယ်ငယ်က သွေးကင်ဆာလို ရောဂါအကြီးစားမျိုး ဖြစ်ခဲ့ပြီးမှ ပျောက်ကင်းသွားတဲ့ လူငယ်တွေဟာ အရွယ်ရောက်လာရင် ကလေးမရနိုင်တော့တဲ့ ပြဿနာမျိုး ကြုံရတတ်ပါတယ်။ ခုတော့ ဒီအောင်မြင်မှုကြောင့် အဲဒီလို ပုဂ္ဂိုလ်တွေအတွက် ပျော်စရာ ဖြစ်လာပါတော့မယ်”ဟုလည်း နာရာနီယာက ပြောကြားသွားသည်။ နာရာနီယာနှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များသည် ဓာတ်ခွဲခန်း၏ နောက်ဆုံးရလဒ်အဖြစ် အောင်မြင်ပြည့်စုံသော သုက်ပိုးများကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

0 comments: