နေကြတ်ခြင်းကို စောင့်စား ကြည့်ရှု့ရာမှ တစ်ဦးသေ၊ အများအပြား ဒဏ်ရာရ

.

23/Jul/2009
ယမန်နေ့က နေအပြည့်ကြတ်ခြင်းကို စောင့်မျှော်ကြည့်ရှုရန် အိန္ဒိယနိုင်ငံတ၀ှမ်းမှလူသန်းနှင့်ချီ၍
ဗာရာဏသီမြို့ရှိ မြင့်မြတ်သော ဂင်္ဂါမြစ်ကမ်းနဖူးသို့ လာရောက်ခဲ့ကြသည်။ ဂင်္ဂါမြစ်အတွင်း ရေကူး၊ ရေစိမ်ခြင်းသည်
ပြစ်များကိုဆေးကြောသန့်စင်ပေးရာ ရောက်ကြောင်းနှင့် နေကြတ်ချိန်၌ ဂင်္ဂါမြစ်အတွင်း ရေချိုးခြင်းသည် ကံကောင်း
မှုများကို ဆောင်ကြဉ်းပေးလာနိုင်သည်ဟူသော လူမျိုးရေးအစွဲနှင့် ဘာသာရေးအယူသည်းမှုများဖြင့် ဂင်္ဂါမြစ်ကမ်းနဖူး
ပေါ်၌ လူအဆမတန်စုရုံးရောက်ရှိခဲ့ခြင်းဖြစ်သည်။ လူအုပ်ကြီးထဲမှ တစ်ချို့ယုံကြည်ကိုးကွယ်သူများက ဂင်္ဂါမြစ်ထဲသို့
ဆင်းသက်နိုင်ရန်အပြေးအလွား တိုးဝှေ့ဝင်ရောက်မှုကြောင့် လူအုပ်ပြိုလဲမှုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံး၍ အ
ခြားလူ အများအပြား ဒဏ်ရာရရှိမှုဖြစ်ပေါ်ခဲ့သည်။ ဂင်္ဂါမြစ်ကမ်းနဖူးပေါ်၌ လုံခြုံရေး ရဲတပ်ဖွဲ့များနှင့် လိုအပ်သော ကြို
တင်ပြင်ဆင်မှုများ စီမံထားခြင်းမရှိမှုကြောင့် ယင်းသို့ဖြစ်ပွားရခြင်းဖြစ်သည်။


0 comments: