လက်တို့ပြီးအားလုံးကို ပြောစေခြင်ပါတယ်

တစ်ကမ္ဘာလုံးကစောင့်စားနေကြတဲ့သြဂုတ်လ၂၇ရက်နေ့

ကဲ...သူငယ်ချင်းတို့ရေ. ...လက်တို့ပြီးတော့ ပြောရဦးမယ် သတင်းထူးလေးကို သြဂုတ်လမှ စတင်၍ အင်္ဂါဂြိုလ်ဟာ အထွန်းလင်း အတောက်ပဆုံး ဖြစ်ပါလိမ့်မည်။ ၄င်းဂြိုလ်ဟာ ကြီးမားတောက်ပတဲ့ လတစ်စင်းပမာ အစွမ်းကုန် ထွန်းလင်း တောက်ပမှာပါ။ အဲဒါကတော့ သြဂုတ်လ 27ရက်နေ့မှာ အင်္ဂါ ဂြိုလ်ဟာကမ္ဘာနဲ့ မိုင်ပေါင်း 34.65 M miles စတင် နီးကပ်လာမှာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ကြေငြာထား ပါတယ်။ဒါကြောင့်27th သြဂုတ်လ12:30AMမှာ ကောင်းကင်မှာ လနှစ်စင်း ပမာ ထွန်းလင်းတာကို တွေ့မြင်ကြ ရမှာပါတဲ့။ဒီတစ်ကြိမ်မှာ မကြည့်လိုက် ရရင်တော့ အင်္ဂါဂြိုလ်ဟာ ကမ္ဘာနဲ့ နီးကပ်လာဖို့ကို နောက်နှစ် 2287ခုနှစ်ထိ စောင့်ကြရ မှာတဲ့နော့်။ ကဲသူငယ်ချင်းတို့ရေ... တစ်ယောက်နဲ့ တစ်ယောက် လက်တို့ပြီး သတင်းလေးကိုဖြန့်ဝေပေး လိုက်ပါဦး ။ကြုံတောင့်ကြုံခဲမို့လို့ပါ။ တော်နေ ဒီအကြိမ် မကြည့်လိုက် ရရင်2287 ခုနှစ်ထိကို မသေချာပဲ စောင့်စား နေရမှာ စိုးလို့နော်။ ကဲ.. နွှဲလိုက်ကြစို့... အော်..မေ့နေမှာစိုးလို့.....နေ့ရက်က 27ရက်၊ အချိန်က မနက် 12:30 am နော် pm နဲ့မမှားစေနဲ့နေရာကတော့ မိုးကောင်းကင်မှာပါ။ လနှစ်စင်းကို စောင့်ကြည့်ဖို့ မမေ့နဲ့နော်။

ဒီသတင်းကတော့ ကျွန်တော်အကို ပို့လိုက်တာပါ။ ဒီကိစ္စကျွန်တော်လည်းမသိဘူး။ အဲ့ဒီနေ့မှ စောင့်ကြည့်အုံးမယ်။ နောက်တစ်ခေါက်ဆိုရင် တော့ သားသားရဲ့အရိုးတောင်ရှာရမှာမဟုတ်တော့ဘူး....

3 comments:

မဟာဆန် said...

မနက် ၁၂.၃၀am ဆိုတာ ညသန်းခေါင်ကျော်ပြီး နာရီဝက်လား၊ နေ့လည် မွန်းတည့်ပြီးနာရီဝက်လား။ သေချာပြောဦးနော်။ ပြီးတော့ ဘယ်မြို့က စံတော်ချိန်တဲ့လဲဟင်။ ဂျာမဏီကဆို ဘယ်အချိန်ကြည့်ရမှာလဲ။

ရှေးစာဆို said...

ဒီ Post ကိုတွေ့တော့ အံ့သြသွားပါတယ်။ ပြီးတော့ သြဂုတ်လ ၂၇ရက်နေ့ အင်္ဂါဂြိုလ် ကမ္ဘာနဲ့ နီးမယ့် ကိစ္စက ခု ၂၀၀၉ခုနှစ်လား ဆိုတာကို အတွေးမှာ ဝေဝါးသွားပါတယ်။

ဘာဖြစ်လို့လည်းဆိုတော့....ကျွန်တော် ၂၀၀၆ တုန်းက သတင်းတစ်ခုဖတ်ရပါတယ်။ အဲ့ဒီသတင်းရဲ့ အကြောင်းအရာကတော့ ခုဒီ Postရဲ့အကြောင်းအရာနဲ့ အတူတူပါပဲ။

ကျွန်တော်လည်း သြဂုတ်လ ၂၇ရက်နေ့ ၂၀၀၆ အဲ့ဒီည(တနင်္ဂနွေ) သန်းခေါင်ယံကျော် ည ၁၂နာရီခွဲ (၂၈ ရက်အကူး) မှာ ကောင်းကင်ကို စောင့်ကြည့်ခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂလန်ရဲ့ ကောင်းကင်ယံဟာ မဲမှောင်ပြီး မိုးရွာနေခဲ့လို့ ဘာမှာ မမြင်ခဲ့ရဘူး။

ဒါမှ မဟုတ် ဒီ Post တင်ထားတာ ၃နှစ်ပဲရှိသွားပြီလား ဆိုတာ ဝေခွဲလို့မရဖြစ်နေပါတယ်။

ဒီ ဘလောက်ဘယ်ကတည်းက စမှန်းမသိပေမယ့် ဟိုတစ်လော တွေ့ကတည်းက စပြီး ထူးထူးဆန်းဆန်း သတင်းတွေ တင်တင်ပေးထားတဲ့အတွက် အဆက်မပြတ်အားပေးခဲ့တာပါ။

လေးစားစွာဖြင့်