လယ်သမားတစ်ယောက် က ၁၆ ပေ အန်ဒါဂွန်တာကိုသတ်လိုက်

.

ဘရာဇီးနိုင်ငံ အနောက်မြောက်ဖက် အမေဇုံ မှာနေထိုင်တဲ့ လယ်သမားတစ်ယောက် အန်ဒါဂွန်တာ ၁၆ ပေ အရှည်ရှိ့တဲ့ Anaconda မြွေကို သတ်လိုက်တယ်လို့ နိုင်ငံပိုင် သတင်းဌာနတစ်ခုက သတင်းထုတ်ပြန်ခဲ့ပါတယ်။ သတ်လိုက်တဲ့နေရာကတော့ သူ့ရဲ့ကြက်ခြံထဲမှာ ဖြစ်ပြီး ကြက်ကို မျိုဖို့ လုပ်နေတဲ့အချိန်မှာ အိမ်က ရိုင်ဖယ်သေနတ်ပြန်ယူပြီး ပစ်သတ်ခဲ့ခြင်းဖြစ်ပါတယ်။ လယ်သမား Santus က ဒီမြွေကို ဒီလိုသတ်လိုက်ခြင်းအားဖြင့် နောင်ဖြစ်လာမဲ့ အန္တရာယ်ကို ရှင်းလိုက်တာဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။ ဘရာဇီးအနောက်ပိုင်းမှာရှိ့တဲ့ ရွာတွေကို အခုနှစ်လ အတွင်းမှာ သားရဲ တိရစ္ဆာန်တွေ မကြာခဏဝင်လာလို့ ရွာတွေမှာ တှုန်လှုပ်မှု့တွေ ခဏခဏဖြစ်ခဲ့ရပါတယ်။ ဒီမြွေတွေကို က လူတွေကို ဒုက္ခပေးနိုင်တဲ့အနေအထားမှာရှိနေရင် တရားဥပဒေ အရသတ်လို့ ရတယ်လို့သိရပါတယ်။ အန်ဒါဂွန်တာ မြွေဟာ ကမ္ဘာပေါ် မှာ အကြီးဆုံး မြွေမျိုးစိတ်ဖြစ်ပြီး ၁၁ မီတာအထိရှည်လျားပြီး ပေါင် ၃၃ဝ လောက်အထိ အလေးချိန်ထိ ကြီးမား တတ်တယ်လို့သိရပါတယ်။ ဘရာဇီးနိုင်ငံက မှတ်တမ်းများ အရ ဒီမြွေတွေဟာ လူတွေ ကို မျိုခဲ့တယ်လို့လဲ သိရပါတယ်။


0 comments: