Fig
အာဖရိကတွင် Fig ဟုခေါ်သောအသီးတစ်မျိုးရှိပါသည်။ ထိုအသီး ရာသီရောက် ၍မှည့်သောအခါ တောတွင်းတရိစ္စန်များ လာရောက်စားသောက်ကြပါသည်။ အချို့တောကောင်များက အပင်ကကို ခါရမ်း ၍အသီးကိုခါချပါသည်။ အပူချိန်ပြင်းသော အရပ်ဒေသဖြစ် ၍အသီးမှည့်သောအခါ အချည်ပေါက်၍ ယမာကာအာနိသင်ကိုရရှိစေပါသည်။ ဌက်များကသူ့အန္တရာယ်ကို ကြိုသိ ၍ လုံးဝမစားပါ။ အသီးပုံစံကတော့ ခေါင်းလောင်းပုံသဏ္ဍန်ဖြစ်ပါတယ်။ အရောင်အနေဖြင့် ခရမ်း၊ အညို၊ အစိမ်း၊ အဝါ၊ အမဲ မျိုးစုံဖြစ်နိုင်ပါတယ်။ အခွံကတော့ပါးလွှာတဲ့ သရေ အုပ်ထားသလိုမျိုးဖြစ်ပါတယ်။ ဆန်းတာတစ်ခုကတော့ ဒီအသီးရဲ့ အပွင့်ဟာ အသီးထဲမှာဘဲ ပွင့်ပြီး အပြင်ကနေမမြင်နိုင်ပါဘူး။ (ကျွန်တော်စဉ်းစားကြည့်တယ် ဘယ်လိုဝတ်မှုံကူးပြီး အသီးဖြစ်လဲမသိဘူး) တယ်လည်း ဆန်းကျယ်လှတဲ့ ကမ္ဘာကြီးဘဲ။တိရိစ္ဆာန်တွေ မူးတာ မြင်ဖူးခြင်လား ဗီဒီယိုလေးကြည့်လိုက် ကျွန်တော်တော့ တော်တော် ရယ်လိုက်ရတယ်
2 comments:
လူတွေ အရက်မူးသလိုတော့ မအန်ကြဘူးနော်။ ထူးထူးဆန်းဆန်း တွေ့ရလို့ ကျေးဇူးတင်တယ်..
ဟားဟား ဒီကောင်တွေလဲ ဒါကြိုက်တယ်..ယစ်ထုတ်ကြီးတွေပဲ။ ဆင်ကြီးတွေ မထနိုင်၊ မှောက်နေတာ ရီရတယ်။ မျောက်မူးလဲဆိုတာ ဒီအသီးကို ခေါ်တာလားမသိ။
Post a Comment