၂၅ ရက်ကြာ တရုတ် မိုင်းတွင်းတွင် ပိတ်မိနေသူ သုံးဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်

.
တရုတ်နိုင်ငံ Guizhou ပြည်နယ်ရှိ Xinqiao မိုင်းတွင်းသည် ဇွန်လ 17 ရက်နေ့က ရေလျှံမှုဖြစ်ပွား ခဲ့ရာ မြေအောက်တွင် မိုင်းလုပ်သား 16 ဦး ပိတ်မိနေခဲ့သည်။ လွန်ခဲ့သောတနင်္ဂနွေနေ့ကကယ်ဆယ်ရေးလုပ်သား များသည် မြေအောက်တွင် ၂၅ ရက်ကြာ ပိတ်မိနေသော မိုင်းလုပ်သား သုံးဦးကို အသက်ရှင်လျက်ပြန်လည်ကယ် တင်နိုင်ခဲ့ပေသည်။ ထိုမိုင်းလုပ်သားသုံးဦးအား ရေမရောက်သောမိုင်းတွင်းအနက်ပိုင်းတစ်နေရာတွင်တွေ့ရှိကယ် တင်နိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် ကျောက်မီးသွေးများကို စားသုံး၍ အလွန်တရာ သန့်ရှင်းမှု မရှိသောရေများကို သောက်သုံးကာ မှိန်ပြပြမီးအိမ် အလင်းရောင်ဖြင့် အသက်ရှင်နေထိုင်ခဲ့ကြခြင်းဖြစ်သည်။ တရုတ်မိုင်းလုပ်သားများ၏ ဘ၀သည် အလွန်အန္တရာယ်များသော ဘ၀ဖြစ်ပြီး လွန်ခဲ့သောနှစ်အတွင်းကမိုင်းတွင်းပျက်စီးမှုများကြောင့်မိုင်း
လုပ်သားပေါင်း 3200 ကျော်သေဆုံးခဲ့သည်ဟု တရားဝင်စာရင်းများအရ သိရသည်။


0 comments: