|
|
စစ်တပ်သုံး စက်ရုပ်များ တီထွင်ထုတ်လုပ်ရန် ဒေါ်လာသန်းပေါင်းများစွာတန်သော စက်ရုပ်ဒီဇိုင်း
ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြရန် သြစတြေးလျမှ ဖိတ်ခေါ်မှုပြုခဲ့သည်။ အရွေးခံရသော ဒီဇိုင်းဖြင့် စက်ရုပ် ပြုလုပ်၍
စစ်ဆင်ရေးတွင် အဝေးထိန်း ကိရိယာဖြင့် ထိန်းချုပ် အသုံးချမည်ဖြစ်သည်။ ဤသို့ဖြင့် ကြိုတင် ခန့်မှန်း၍မရနိုင်
သော၊ အန္တရာယ်များလှသော စစ်ပွဲများတွင် ပျက်စီးဆုံးရှုံးမှုများအား လျှော့ချနိုင်မည်ဖြစ်သည်။ထိုဒီဇိုင်းပြိုင်ပွဲအား
အမေရိကန်စစ်တပ်နှင့် သြစတြေးလျ ကာကွယ်ရေး သိပ္ပံနှင့်နည်းပညာအဖွဲ့မှ ပူးပေါင်း၍ ဖိတ်ခေါ်ခြင်းဖြစ်သည်။
ပြိုင်ပွဲတွင် ဆန်ခါတင် ငါးဦးအား ရွေးချယ်၍ လာမည့်နှစ် နိုဝင်ဘာလတွင် Brisbane မြို့၌ ပြုလုပ်မည့် Land
Warefare ညီလာခံတွင် ၎င်းတို့၏ အကြံပြုဆွေးနွေးချက်များကို နားထောင်မည်ဖြစ်သည်။ (ဘီဘီစီ)
http://www.khitlunge.org.mm/news/news_detail.aspx?info_id=15146
0 comments:
Post a Comment