ကမ္ဘာ့ ဝက်တုပ်ကွေး ရောဂါတွေ့ရှိသူ အသက် ၁၃နှစ်အရွယ် အမျိုးသမီးငယ်၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိ သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြု လိုက်ပြီဖြစ်

.
.


The Mirror
9/Jul/2009
အသက် ၁၃နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးသည် ၄င်း၏မိသားစုနှင့်အတူ ဇွန် ၂၁ရက်တွင်
စင်ကာပူနိုင်ငံသို့အလည်အပတ်သွားရောက်ခဲ့ပြီး ဇွန် ၂၆ရက်မွန်းလွဲ ၁နာရီခွဲတွင် စင်ကာပူနိုင်ငံမှပြန်လည်ရောက်
ရှိခဲ့သည်။ ၄င်းအားလေဆိပ်တွင် ကျန်းမာရေးဝန်ထမ်းများကကျန်းမာရေးစစ်ဆေးစဉ်အဖျားမရှိခဲ့သော်လည်းအိမ်
ရောက်ပြီးနောက် သူငယ်ချင်းများနှင့်အတူ စာဖတ်ဝိုင်းသို့သွားရောက်စဉ် သင်တန်း ဆရာမက ၄င်းချောင်းဆိုးနေ

သည်ကို သတိပြုမိသဖြင့် မိဘများနှင့်တိုင်ပင်ကာ ဇွန် ၂၆ရက် ည၉နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တက်
ရောက်စေခဲ့သည်။ လူနာအားရန်ကုန်ပြည်သူ့ဆေးရုံကြီးသီးသန့်လူနာခန်း၌ထားရှိပြီး ပြည်သူ့ကျန်းမာရေးဓာတ်ခွဲ
ဌာနက စမ်းသပ်ခဲ့ရာ ဇွန် ၂၇ ရက်တွင် ကမ္ဘာ့လူတုပ်ကွေးရောဂါ New Influenza A(H1N1) ရောဂါရှိကြောင်း အ
တည်ပြုတွေ့ရှိခဲ့သည်။ အဆိုပါလူနာသည် မြန်မာနိုင်ငံတွင် New Influenza A(H1N1) စတင်တွေ့ရှိသူဖြစ်ကာ၎င်း
အား ရန်ကုန်ပြည်သူ့ဆေးရုံကြီး သီးသန့်အခန်းတွင်ထားရှိပြီး ဆေးရုံအုပ်ကြီးနှင့် အထူးကု သမားတော်ကြီးများပါ
ဝင်သော အဖွဲ့ဖြင့်စနစ်တကျကြပ်မတ်ကုသပေးခဲ့ရာ လူနာ၏ကျန်းမာရေးအခြေအနေမှာကောင်းမွန်လျက်ရှိသဖြင့်
ဇူလိုင် ၈ရက်ညပိုင်းတွင် ဆေးရုံဆင်းခွင့် ပြုခဲ့ကြောင်းသိရသည်။ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်ရောဂါကူးစက်
ပြန့်ပွားမှုမရှိစေရေးနှင့် ရောဂါဖြစ်ပွားမှု ထိန်းချုပ်ရေးအတွက် လူနာနှင့် ထိတွေ့မှုရှိသော မိသားစုဝင်များ၊ စာဖတ်
ဝိုင်းအတူ တက်ရောက်ခဲ့သူများ၊ သင်တန်းဆရာမနှင့်မိသားစုများအားပြင်ပသို့သွားရောက်ခွင့်မပြုဘဲရောဂါစောင့်
ကြပ်ကြည့်ရှုခဲ့သည်။ လူနာနှင့်အတူလေယာဉ်စီးနင်းလိုက် ပါလာသော ခရီးသည် ၉၁ ဦးနှင့် ရန်ကုန်အပြည်ပြည်
ဆိုင်ရာလေဆိပ်ပြည်ပဆိုက်ရောက်ဝန်ထမ်းများအား ရောဂါဖြစ်ပွားမှု ရှိ/မရှိ ဂရုစိုက်စောင့်ကြပ် ကြည့်ရှုခြင်းလုပ်
ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနမှ အဆင့်မြင့်တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းခရိုင်နှင့် မြို့နယ်အေးချမ်းသာယာ
ရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမှ တာဝန်ရှိသူများ၊ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနမှူးဦးဆောင်သောအခြေခံကျန်းမာ
ရေးဝန်ထမ်းများမှ စနစ်တကျကြပ်မတ်ဆောင်ရွက်ခဲ့ရာ ၄င်းတို့ အားလုံးတွင်လည်း ရောဂါဖြစ်ပွားမှု မရှိကြောင်း
တွေ့ရှိရသဖြင့် ရောဂါကူးစက်နိုင်ခြေရှိသောကာလ ၁၀ရက်ကျော်လွန်ပြီဖြစ်၍ဇူလိုင် ၆ရက်မှစ၍၄င်းတို့အားရောဂါ
စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများရုပ်သိမ်းခဲ့သည်။ ဆက်လက်၍ နိုင်ငံအတွင်းရှိ ရောဂါကူးစက်မှု မရှိစေရေးအ
တွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသောကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါကာကွယ်နှိမ်နင်းရေးလုပ်
ငန်းများတွင် အများပြည်သူများအနေဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် သက်ဆိုင်ရာက တိုက်တွန်းနှိုးဆော်
ထားကြောင်း ၂၀၀၉ခုနှစ်ဇူလိုင် ၉ရက်နေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။

0 comments: