Star-Nosed Mole





Star-Nosed Mole သတ္တဝါကတော့ မြန်မာလို ဘယ်လိုခေါ်မလဲမသိဘူး တိုက်ရိုက်ဘာသာပြန်ရင်တော့ ကြယ်ပုံသဏ္ဍန်နှာခေါင်းနဲ့ ပွေးကောင်ပေါ့ဗျာ။ ကျွန်တော် animal plan ထဲမှာ ကြည့်ဖူးတာတော့ အရှေ့လက်နဲ့ နှုတ်သီးကလွဲရင် ကျန်တဲ့အစိတ်အပိုင်း တော်တော် များများက ကြွက်စုတ်နဲ့ဘဲတူတယ်။ အရွယ်အစားအရှည်ကတော့ ၆ လက္မ ၈ လက္မ ခန့်ရှိပြီး အလေးချိန်အနေဖြင့်ကတော့ ၂ အောင်စခန့်ရှိပါတယ်။

Star-Nosed Mole ရဲ့နှုတ်သီး အနီးကပ်ရိုက်ထားသောပုံ

အသက်တမ်းအနေအားဖြင့် ၃-၄နှစ်ခန့်ရှည်တတ်ပြီး နို့တိုက် သတ္တဝါမျိုးဖြစ်ပါတယ်။ ရေထဲမှာ ပေါက်ဖွားတဲ့ ပိုးမွှား ငယ်များ၊ တီကောင်များ နှင့် ကျောရိုးမရှိသော သတ္တဝါငယ်လေးများကို စားသောက်ပါတယ်။ ဒီသတ္တဝါတွေကတော့ စိုးစွတ်ပြီး ပျော့ပျောင်းတဲ့ မြေတွင်းများနေပြီး ရေကူးလည်းကျွမ်းကျင် ပါတယ်။



ဆောင်းတွင်း အချိန်တွေကျရင်လဲ အပေါ်ယံမှာ ရေခဲကာနေတဲ့ စမ်းချောင်းတွေကိုလဲ ရေခဲကိုတူးဖောက်ပြီး ရေထဲဆင်းအစာရှာကြ ပါတယ်။ ကနေဒါနိုင်ငံအရှေ့ပိုင်းနှင့် အမေရိကန်နိုင်ငံ အရှေ့မြောက်ဖက်ခြမ်းတွေမှာ တွေ့ရတတ်ပါတယ်။





0 comments: