Facebookတွင် ကိုယ်ပိုင်အမည်ဖြင့် URLများ ပြုလုပ်နိုင်ပြီ


Posted on Jun 15 09
Facebookတွင် ကိုယ်ပိုင်အမည်ဖြင့် URLများ ပြုလုပ်နိုင်ပြီ


နာမည်ကြီး Social Networking ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Facebookသည် ၎င်း၏သုံးစွဲသူများအတွက် ကိုယ်ပိုင်Facebook URLများ ပြုလုပ်ခွင့်ပေးလိုက်ပြီ ဖြစ်သည်။ ယခင်က Facebook သုံးစွဲသူတစ်ဦး၏ Facebook profile URLမှာ profile နံပါတ်များ ရှည်လျားစွာ ပါဝင်နေခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လ(၁၃)ရက်နေ့မှ စတင်ပြီး Facebook သုံးစွဲသူများအနေဖြင့် ၎င်းတို့နှစ်သက်ရာ usernameကို အသုံးပြုပြီး Facebook profile URLများ ပြုလုပ်နိုင်ပြီဖြစ်သည်။ ဥပမာအားဖြင့် www.facebook.com/markzuckerberg ဟူ၍ ပြုလုပ်နိုင်မည်ဖြစ်သည်။ Facebook URLအတွက် username ရွေးချယ်ရာတွင် ဦးရာလူစနစ်ဖြင့် ပြုလုပ်ပေးသွားမည်ဖြစ်သောကြောင့် အသုံးများဖွယ်ရှိသည့် usernameများကို အမြန်ရယူထားရန် လိုအပ်ကြောင်းလည်း သိရသည်။ Facebook တည်ထောင်သူ Mark Zuckerbergမှာလည်း ၎င်း၏အမည်ဖြင့် Facebook URLကို ရယူထားပြီး ဖြစ်သည်။

Facebook

ယခုကဲ့သို့ ပြုလုပ်ခွင့်ပေးလိုက်ခြင်းအားဖြင့် Facebookတွင် တစ်စုံတစ်ယောက်အား ရှာဖွေရာ၌ ပိုမိုလွယ်ကူစေမည် ဖြစ်သည်။ ယခုအပြောင်းအလဲတွင် usernameများ အပိုင်စီးကြခြင်းမှ ကာကွယ်နိုင်ရန် ဇွန်လ(၉)ရက်နေ့မတိုင်မီ Facebookတွင် sing up ပြုလုပ်ထားသူများကိုသာ URL ပြုလုပ်နိုင်မည့် အခွင့်အရေးအား ပေးသွားမည်ဖြစ်သည်။ သို့သော်လည်း သန်း(၂၀၀)မျှသော Facebook သုံးစွဲသူများအနေဖြင့် မိမိတို့၏ အမည်များကို အခြားသူများမှ အပိုင်းစီးလက်ဦး ရယူသွားခြင်းအချို့ ကြုံတွေ့ရဖွယ်ရှိသည်ဟု ဆိုသည်။ Facebookရှိ business, brands, celebritiesကဲ့သို့ Fan clubများ အနေဖြင့်လည်း ကိုယ်ပိုင်Facebook URLများ ပြုလုပ်နိုင်မည်ဖြစ်သည်။ သို့သော် အဆိုပါ Fan clubမှာ မေလ(၃၁)ရက် မတိုင်မီကတည်းက Facebookတွင် ရှိနှင့်ပြီးသားဖြစ်ရန် လိုအပ်ကြောင်းနှင့် အနည်းဆုံး Fan အရေအတွက်(၁၀၀၀) ရှိရမည်ဖြစ်သည်။ Facebookမှ ယခုကဲ့သို့ URL များ ပြုလုပ်ခွင့်ပေးလိုက်ခြင်းမှာ New Corp၏ MySpaceကို ယှဉ်ပြိုင်လိုက်သည့် သဘောလည်းဖြစ်သည်။ MySpaceမှာ ၎င်း၏သုံးစွဲသူများအတွက် ယခုကဲ့သို့ URLများကို စတင်တည်ထောင်ခဲ့သည့် ၂၀၀၄ခုနှစ်ကတည်းက ပြုလုပ်ခွင့်ပေးထားပြီး MySpace သုံးစွဲသူ (၉၀)ရာခိုင်နှုန်းမှာ ကိုယ်ပိုင်MySpace URLများ ရှိကြကြောင်း သိရသည်။ Facebook URL ပြောင်းလဲနိုင်ရန် www.facebook.com/username/ သို့သွားရောက် ပြုလုပ်နိုင်ပြီဖြစ်သည်။



0 comments: