အလင်းဖောက် (အကြည်ရောင်)သတ္တဝါများ ၁

Glass frog

glass frog (အကြည်ရောင်ဖား) အဆိပ်ရှိတဲဖားမျိုးစိတ်သုံးမျိုးထဲမှာ ပါဝင်ပါတယ်။ ဒီဖားတွေကိုတော့ ကိုလံဘီယာ တောင်တန်းတွေပေါ်မှာ တွေရပါတယ်။ ကုန်နေရေနေသတ္တဝါထဲမှာ ပါဝင်ပြီး များသောအားဖြင် စမ်းချောင်းများ နဲ့ နီးစပ်သောနေရာများပါ ကျက်စားတတ်ကြပါတယ်။ ဒီဖာတွေကတော့ ပိုးပွား ကောင်များကို အဓိကစားသုံးတာဖြစ်ပါတယ်။ အရွယ်အစားအနေအားဖြင့်တော့ ၁ဝ စင်တီမိတာနှင့် ၂ဝ စင်တီမီတာ အထိရှိတတ်ကြပါတယ်။ သူတို့ရဲ့ နှလုံး၊ အသဲ၊ အစာအိမ် စတဲ့ အတွင်းကလီစာ များကို ပြင်ကနေ ကြည့်ယုံဖြင့် မြင်နေရသလို အစာချေဖျက်ပုံများကိုလည်း ကြည့်ရှု့နိုင်ပါတယ်။ အကြည်ရောင်ဖားတွေကတော့ အများအားဖြင့် အစိမ်းဝါရောင် ဖြစ်ပါတယ်။


0 comments: