ဟန်းဆက်များ မိုးတွင်း၌အဖြစ်များသော မိုးရေ၀င်ခြင်းနှင့် လျှပ်စီးလှိုင်းများကြောင့် ဟန်းဆက်များ အလွယ်တကူပျက်စီးနိုင်ကြောင်း သိရှိရသည်။ မိုးကြိုးမုန်တိုင်းကျနေစဉ်တွင် ဟန်းဆက်များအသုံးပြုခြင်းဖြင့် လျှပ်စီးလှိုင်းများဝင်ရောက်ကာ ပျက်စီးနိုင်ပြီး မိုးရေများကြောင့် လျှပ်စစ်ဓါတ်များပါဝင်ခြင်းနှင့် လျှပ်စီးမှုများဖြစ်ပေါ်ခြင်းကြောင့် ပျက်စီးတတ်သည်။ ဖုန်းတွင်းရေ၀င်ရောက်မှုကြောင့် ဆားကစ်ပျက်စီးပြီး LCD Keypad Software ပျောက်ဆုံးမှုများဖြစ်တတ်ပြီး လျှပ်စီးလှိုင်းများဒဏ်ကြောင့် Receiver နှင့် ပါဝါများ ထိခိုက်နိုင်ကြောင်းသိရသည်။
“ဟန်းဆက်တွေအဖြစ်များတာ မိုးတွင်းမှာရေ၀င်ခြင်းဖြစ်ပါတယ်။ ရေ၀င်ခြင်းကို အားလုံးကတော့ မ၀င်အောင်ကြိုးစားကြပါတယ်။ ပျက်စီးရင် LCD တွေအဖြစ်များတယ်၊ Keypad တွေအဖြစ်များတယ်၊ နောက် Software တွေ ပျောက်သွားခြင်း အဖြစ်မျိုးဖြစ်ပါတယ်။ ပြန်ပြင်ရင် သူတို့ရဲ့ပျက်စီးမှုအပေါ်လိုက်ပြီး ဈေးနှုန်းတွေကွာခြားသွားပါတယ်။ သေချာတာကတော့ ရေ၀င်လို့ပျက်စီးသွားခဲ့ရင် အနည်းဆုံးသုံးသောင်းလောက် ပြင်ဆင်စရိတ် ကုန်ကျလာပါလိမ့်မယ်။ လျှပ်စီးလှိုင်းတွေကြောင့် ပျက်စီးမှုဒဏ်ကတော့ အဖြစ်နည်းပါတယ်။ ဒါပေမယ့် သတိတော့ထားသင့်ပါတယ်” ဟု ဖုန်းဆားဗစ်သမားတစ်ဦးကပြောသည်။
Written By - ဟိန်းမြတ်
0 comments:
Post a Comment