သံပခြူပ်ငါး







Lionfish (သံပခြှုပ်) ဒီငါးကတော့ အဆိပ်တော့ရှိပေမဲ့ ကမ္ဘာအဆိပ်အပြင်းဆုံး သတ္တဝါ (၁၀) မျိုးထဲမှာတော့ မပါဝင်တာတွေ့ရပါတယ်။ ဒီငါးမှာ မျိုးကွဲပေါင်းများစွာရှိသလို အင်္ဂလိပ်လို နာမည်အမျိုးမျိုးနဲ့ လဲ တင်စားခေါ်ဝေါ်ကြပါတယ်။ dragon fish, scorpion fish, turkey fish လည်းခေါ်ကြပါသေးတယ် မြန်မာလိုကတော့ ဘယ်လိုအမျိုးမျိုးခေါ်လဲတော့ ကျွန်တော်မသိဘူး သံပခြှုပ်လို့ဘဲ ကျွန်တော်သိထားတာပါ။ သူလဲ အဆိပ်တော့ တော်တော်ပြင်းပါတယ်။ တခြားငါးတွေလို ဆူးတောင်တွေဟာ တဆက်တည်း မဟုတ်တစ်ချောင်းခြင်းစီ ကွဲပြားနေတာတွေ့ရပါတယ်။ ဒီငါးကို ကျွန်တော် မြင်ခဲ့တုန်းက တခြားငါး အများကြီး ရှိတဲ့ အထဲမှာ အဲ့ဒီငါး တစ်စုံ ဟာ

သိသိသာသာကို ပေါ်လွင်နေပြီး သူတို့ ရေကူးခတ်နေတာကလဲ စုံတွဲ တစ်တွဲကနေတဲ့ ပုံလိုပါဘဲ။ အညို အနီ အဝါ အမဲ မီးခိုး နဲ့ အဖြူ စတဲ့ အရောင်မျိုးစုံနဲ့ဆိုတော့ ပိုပြီးထင်ပေါ်နေတာပေါ့။ ဒီငါးတွေဟာ နေခင်း ဖက်တွေမှာ ကျောက်ဆောင် ကျောက်နံရံကြားများနဲ့ ကျောက်ဂူများကြားမှာ နေတတ်ကြပြီး ညအချိန်မှ ထွက်ပြီး ကျက်စားလေ့ရှိပါတယ်။ သို့သော ရံဖန်ရံခါ နေလည်ဖက်၌လည်း မြင်တွေ့တတ်ပါတယ်။ အဆိပ်ရှိတဲ့ သူတို့ရဲ့ဆူးတောင်တွေ နဲ့ ငါးသေးလေးများကို အနိုင်ယူကာ ဖမ်းစီးစာသောက်ပါတယ်။ (ဟိုကောင်တွေလို့ပေါ့ ဆူးတောင်အားကိုးနဲ့အနိုင်ကျင့်တာ ဟီးဟီး)။ ဒီသံပခြူပ်ရဲ့ တိုက်ခိုက်မှု့ခံရပြီး အဆိပ်မိခဲ့ရင်တော့ အလွန်နာကျင်ခြင်း၊ ရောင်ယမ်း လာခြင်း၊ အသက်ရှုကြပ်လာခြင်း နှင့် ခေါင်းကိုက်ခြင်း ဝေဒနာများကို ခံစားရပါတယ်။ မှတ်တမ်းများအရတော့ ဒီ သံပခြူပ် ရဲ့ အဆိပ်ကြောင့် အသက်သေဆုံးသူတစ်ယောက်မျှမရှိသေးပါဘူး။
ဒီငါး အဆိပ်ပြေအောင် ပြုလုပ်နည်းကတော့ အပူပေးခြင်းဘဲဖြစ်ပါတယ်။ အဆိပ်ထိလို့ နာကျင် ရောင်ယမ်းနေတဲ့ နေရာကို အပူချိန် ၁၁၃ ဒီဂရီဖာရင်ဟိုက်၊ (45° Celsius) လောက်အပူချိန် ရှိတဲ့ ရေ နွေးထဲမှာ နာရီဝက် ကျော်ကျော် ခန့် စိမ်ထားပါက ပြန်လည် ပြောက်ကင်းသက်သာသွားလိမ့်မယ်။ ပင်လယ်ပြင်တော်တော်များများ မှာတွေရတတ်ပြီး အင်ဒို ပစီပိတ်နဲ့ အရှေ့ အတ္တလန္တိတ် သမုဒ္ဒများမှတော့ အများဆုံးတွေရပါတယ်။


0 comments: