သင်မသိသေးသော အဆိပ်ရှိသတ္တဝါ (၁ဝ)မျိုး (၁)

ဘဲတူဖျံတူ သတ္တဝါ

ဘဲတူဖျံတူ (duck-billed platypus)

ဒီသတ္တဝါကတော့ duck-billed platypus မြန်မာလိုဆို ဘဲတူဖျံတူလို့ခေါ်ပါတယ်။ Australia နဲ့ Tasmania နိုင်ငံတွေရဲ့ ရေကြည်တဲ့ စမ်းချောင်းများ မြစ်များ မှာတွေ့ရတတ်ပါသည်။ သူတို့ကတော့ ကုန်နေရေနေသတ္တဝါပါ ရေအောက်မှာရှိတဲ့ ပိုးမွှားများ ကို ဖမ်းယူ စားသောက်ကြပါတယ်။ အရွယ်အစားအနေအားဖြင့် ၂.၂ ပေါင် ကနေ ၅.၃ ပေါင်အရွယ်အစားထိရှိပါတယ်။ ကမ္ဘာပေါ်မှာ ရှိသောနို့တိုက်သတ္တဝါတွေအားလုံးထဲမှာ တစ်မျိုးတည်းသော အဆိပ်ရှိသတ္တဝါဖြစ်ပါတယ်။ အကောင်လိုက်မွေးတဲ့ နို့တိုက်သတ္တဝါမဟုတ်ဘဲ ဥမှပေါက်တဲ့ နို့တိုက်သတ္တဝါမျိုးပါ။

သားပေါက်နှစ်ကောင်နှင့်အမေမကြီး

တခါဥလျှင် တစ်လုံးမှ သုံးလုံးအထိ ဥ တတ်ပြီး ဥများကတော့ အခွံမာ ဥများမဟုတ်ဘဲ လိပ်ဥကဲ့သို့ အခွံပျော့ ဥများဖြစ်ပါတယ်။ ဥများကိုမြေတွင်းများထဲမှာ ဥပြီး ပေါက်လာသော အကောင်ငယ်များကို လ အတော်ကြာတဲ့အထိ တွင်းထဲမှာဘဲ အမေမကြီးရဲ့ နို့ရည်ကိုသောက်သုံးပြီး ရှိနေတတ်ပါတယ်။ တစ်နှစ်ခန့် အရွယ်ဆိုရင်တော့ အရွယ်ရောက်တဲ့ ဘဲတူဖျံတူ တစ်ကောင်အဖြစ်ကို ရောက်ရှိ လာပြီးဟုဆိုနိုင်ပါတယ်။ ဒီသတ္တဝါတွေဟာ မိမိတွင်းထဲမှာထက်ရေထဲမှာ ပိုပြီးပျော်တဲ့သတ္တဝါလို့ဆိုနိုင်ပါတယ် တစ်ရက်မှာ နေ့တဝက်ကျော်ကျော်ကို ရေးထဲမှာ အစာရှာခြင်းဖြင့် ကုန်လွန်စေတတ်ပါတယ်။

အရွယ်ရောက် ဘဲတူဖျံတူ

အဆိပ်ကတော့ သူ့ရဲ့ ခြေလေးဖက်မှာပါတဲ့ အဆူးများနှင့် အဆိပ်ရည်ကိုထိုးသွင်းတတ်ပြီး သတ္တဝါငယ်များကို သေစေလောက်တဲ့အထိ တော့ပြင်းပါတယ်။ လူတွေအတွက်ကတော့ အလွန်နာကျင်စွာ ခံစားရပါတယ်။ သူတို့ရဲ့ အဓိကရန်သူကတော့ မြွေကြီးများ နဲ့ မြေခွေးများဖြစ်ပြီး သူတို့ကိုအမြဲတမ်းဖမ်းယူစားသောက်ခြင်းခံရပါတယ်။ လူတွေကလည်း ဒီသတ္တဝါတွေရဲ့ သားမွေးကိုလိုခြင်လို့ သတ်ဖြတ်ခြင်းကိုလည်းခံရတတ်ပါတယ်။ အစာရှာဖွေ့စားသောက်တဲ့နေရာနှင့် တခြားသတ္တဝါတွေရဲ့ ရန်ကို ကာကွယ်တဲ့ အခါများမှာ အသုံးပြုတာဖြစ်ပါတယ်။ အဆိပ်ကိုတော့ ဒီသတ္တဝါများရဲ့ အထီးများမှာသာတွေ့ရတတ်ပြီး အမ များမှာတော့ မရှိသလောက်ကိုတွေ့ရပါတယ်။


1 comments:

နွေးနေခြည် said...

အခုမှပဲ တွေ့ဖူးတော့တယ်။ ဗဟုသုတရတယ်