ကမ္ဘာ့အဆိပ်ပြင်းသတ္တဝါများထဲက နောက်တစ်မျိုး အဆိပ်ပြင်းတဲ့ Poison dart frogs ဆိုတဲ့ အဆိပ်ဖား ဘဲဖြစ်ပါတယ်။ မျိုးကွဲပေါင်း ကတော့ ၁ဝဝ ကျော်ခန့် ရှိသည်ဟု သိရပါတယ်။ ဒီဖားကတော့ အကြီးဆုံး ၆ စင်တီမီတာက နေ အသေးဆုံး ၁.၅ စင်တီမီတာအထိ အရွယ်အစားအမျိုးမျိုးရှိ ပြီး အလေးချိန်အနေအားဖြင့်တော့ ၂ ဂရမ် လောက်ရှိတတ်ပါတယ်။ စိုထိုင်းသော သစ်ရွက်များ သစ်ပင်အမြစ် များတွင် ဥ ဥလေ့ရှိတတ်ပါတယ်။ သူခန္ဓာကိုယ် ကျောပြင်ပေါ်မှာရှိတဲ့ အဆိပ်ဟာ လူ အယောက် ၂ဝ သို့မဟုတ် ကြွက်အကောင် နှစ်သောင်းကို တခါတည်းသေစေနိုင်ပါတယ်။.
ဒီဖားတွေမှာ ရှိတဲ့ အဆိပ်များထဲမှ ၂ မိုက်ခရို ဂရမ် လောက်ဆိုရင် လူတစ်ယောက်သေနိုင်တဲ့ အတိုင်းအတာတစ်ခုဖြစ်ပါတယ်။ သူ့ရဲ့အဆိပ်ကတော့ တိုက်ခိုက်ဖို့ မဟုတ်ဘဲ သူတို့ကို စားတဲ့ အခြားသတ္တဝါတွေ ကို သေစေဖို့လို့ ပြောလို့ရပါတယ်။ အရောင်အသွေးအနေအားဖြင့်တော့ အနီ အဝါ၊ လိမ္မော်၊ အပြာ၊ အစိမ်း ရာသီဥတုပေါ်ကိုလိုက်၍ ပြောင်းလဲတတ်ပါတယ်။ အဲ့ဒီဖားမျိုးထဲမှာမှ Golden Poison dart frogs ရွှေရောင် အဆိပ်ဖားကတော့ ကမ္ဘာပေါ်မှာ အဆိပ်အပြင်ဆုံး သတ္တဝါတစ်ကောင်ဘဲလို့သိရပါတယ်။ အရွယ်အစာအနေအားဖြင့်တော့ ၂ လက္မခန့်ရှိပြီး တောင်အာဖရိက ကိုလံဘီယာ နိုင်ငံက လူတွေဟာ ဒီဖာဆီမှ အဆိပ်ကို ရာစုနှစ်များစွာ အမဲလိုက်ရာတွင် အဆိပ်အဖြစ် အသုံးပြုခဲ့ကြပါတယ်
ဒီရွှေဖားဟာ သူစားခဲ့တဲ အဆိပ်ရှိ သတ္တဝါပိုးမွှားတွေကနေ အဆိပ်ကို ပြန်လည်ပြီး ထုတ်ယူပြီး သူ့မှာရှိတဲ့ အဆိပ်နဲ့ ပေါင်းပြီး အသုံးပြုနိုင်ခြင်းကြောင့် ပိုပြီးအဆိပ်ပြင်းတာဖြစ်ပါတယ်။ သူရဲ့ ပင်ကိုယ်အဆိပ်ကတော့ ဒီလောက်ပြင်းထန်ခြင်းမရှိပါဘူး။ ဒီဖားမျိုးကိုတော့ တောင်အမေရိက စိုစွတ်တောများတွင် တွေ့ရှိရပါသည်။
0 comments:
Post a Comment