ကမ္ဘာအရပ်အရှည်ဆုံး လူသား


တရုတ် နိုင်ငံက Zhao Liang အသက် ၂၇ နှစ်ရှိပြီး Tianjin ဆေးရုံမှာ ဘယ်ဖက် ခြေဖဝါး ခြေထောက်အရွက်ဒါဏ်ရာကို ခွဲစိတ်ကုသမှု့ခံယူနေပါတယ်။ သူကတော့ ကမ္ဘာ အရှည်အရှည်ဆုံးလို့သတ်မှတ်ထားခံရတဲ့ Bao Xishun ၁ဝ စင်တီမီတာ ပိုပြီးအရပ်ရှည်တယ်လို့သိရပါတယ်။ Bao Xishun အရပ်က ၇.၉ ပေဖြစ်ပြီး Zhao Liang အရပ်ကတော့ ၈.ဝ၇ပေရှိပါတယ်။
သူကတော့ တရုပ်ပြည်သူ့သမ္မတနိုင်ငံရဲ့ Henan မြိုကမှာနေထိုင်ပြီး ဘက်စကက်ဘော ကစားရင်း လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ဒီခြေဖဝါး ဒဏ်ရာကို ခံစားခဲ့ရတာဖြစ်ပါတယ်။


သူ့ရဲ့ အဖေ အရပ်က ၅.၉ ပေရှိပြီး အမေကတော့ ၅.၅ ပေရှိပေမဲ့ သူအရပ်ကတော့ ၈ ပေကျော်ရှိခဲ့တာက တော့ အံ့သြဖွယ်ဖြစ်ပါတယ်။ သူ့အမေကတော့ သူ့သားဟာ ဟမ်ဘာဂါ အရွယ်လောက်ရှိတယ် ဘန်မုန့်ကို တခါတည်း ၈ လုံးလောက်ကို စားနိုင်ပြီး ဟင်းသုံးပွဲလောက်ရှိတဲ့ညစာကို လည်းစားနိုင်ကြောင်းပြောပြခဲ့ပါတယ်။ ကျွန်မကတော့ အသက်ကြီးပြီး ဆံပင်ဖြူနေပြီး သူ့အတွက် စိုးရိမ်တာခုကတော့ သူ့လက်ထပ်ဖို့ အလုပ်နဲ့ ကျန်းမာရေး ဘဲဖြစ်ပါတယ်။



(မိဘမေတ္တာ နော် သူ့သားမိန်းမ မရမှာစိုးရိမ်နေလိုက်တာ အချိန်တန်တော့လည်းဖြစ်သွားမှာပေါ့ ဟီးဟီး) အခုအချိန်မှာတော့ သူ့ရဲ့ ဒါဏ်ရာကို အောင်မြင်စွာ ခွဲစိတ်နိုင်ငံပြီလို့ သူတက်နေတဲ့ဆေးရုံက ဆရာဝန်များက ပြောကြားခဲ့ပါတယ်။ အခုဆိုရင်တော့သူဟာ ကမ္ဘာအရပ်ရှည်ဆုံး လူသားအဖြစ် ကမ္ဘာဂရင်နစ် စာအုပ်မှာ မှတ်တမ်းတင်နိုင်ခဲ့ပြီးဖြစ်ပါတယ်။


0 comments: