ဥရောပလေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Airbus သည် တရုတ်နိုင်ငံရှိ ၎င်း၏စက်ရုံ၌ ထုတ်လုပ်သော
ပထမဦးဆုံးသောA320 ဂျက်လေယာဉ်ကိုယမန်နေ့ကအများပြည်သူသို့ထုတ်ဖော်ပြသ၍အမှာစာပေးပို့ထားသည့်
ဆီချွမ်လေကြောင်းလိုင်းသို့ ပေးအပ်လိုက်လေသည်။ ၎င်းလေယာဉ်သည် ဥရောပပြင်ပတွင်ရှိသော Airbusစက်ရုံ
တစ်ခု၌ အပြည့်အစုံ တပ်ဆင်ထုတ်လုပ်သည့် လေယာဉ်ဖြစ်သည်။ ၎င်းစက်ရုံသည် တရုတ်နိုင်ငံ မြောက်ပိုင်း တီ
အန်ဂျင်မြို့တွင်ရှိသည်။ ယခုနှစ်ကုန်တွင် တာလတ်သုံး A320 လေယာဉ် 10 စီးထုတ်လုပ်မည်ဖြစ်သည်။ ဤလေ
ယာဉ်ထုတ်လုပ်ခြင်းသည် ဥရောပ-တရုတ် ပူးပေါင်းဆောင်ရွက်မှု၏ မှတ်တိုင်သစ်ဖြစ်၍ ရေရှည် ခိုင်မြဲသောဆက်
ဆံမှုကို ဖြစ်ထွန်းစေမည်ဖြစ်သည်။ (အေအက်ဖ်ပီ)
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment