အတုအယောင် Search Engine နဲ့ Maleware တိုက်ခိုက်မူ့




Cyber တိုက်ခိုက်ရေးသမားတို့သည် ၄င်းတို့၏ တိုက်ခိုက်မူ့ပုံစံအား malware hosting များဆီသို့ လမ်းကြောင်း လွဲပို့ဆောင် ပေးသော အတုအယောင် Search Engine များကို ဖန်တီးလာသည်ဟု Panda Security မှ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။
အကယ်၍ မိမိသည် လတ်သလော ဖြစ်နေသော "flu statictics" ဟု စသော Popular Keywords များအား Fake Search Engine တစ်ခုတွင် ရိုက်ထည့်လိုက်ပါက ၄င်းတို့ တွင် malware site များ နှင့် malware အများအပြားရှိသော porn site များသို့ လမ်းကြောင်းပြောင်းကာ ဒီ Website သို့မဟုတ် ဒီဗီဒီယိုအား ကြည့်ရှုရန် Web Player or Additional Plugin ဒါမှမဟုတ် Adobe Flash Player လိုအပ်မည်ဟူသော ကြော်ငြာချက်တစ်ခု webpage ၏အပေါ်ပိုင်းတွင်ပေါ်လာမည်ဖြစ်သည်။
အကယ်၍ အသုံးပြုသူသည်၎င်းတို့အား အမှတ်မထင် clickနိုပ်လိုက်ပါက မိမိတို့၏ computer များသို့ malware / spyware / virus များကို auto ထည့်သွင်းသွားမည်ဖြစ်သည်။ ၄င်တို့ထဲတွင် အဆိုးဝါးဆုံးမှာ conflicker virus ဖြစ်ပြီး အဖြစ်တတ်ဆုံး မှာ အတုအယောင် Antivirusနှင့် Antispyware များပင်ဖြစ်သည်။
မိမိကွန်ပျူတာတွင် ၄င်း malware နှင့် spyware များရောက်ရှိလာပါက ကွန်ပျူတာ စဖွင့်ဖွင့်ချင်းနင့် အသုံးပြုနေစဉ် မိမိကွန်ပျူတာတွင် virus အများအပြားတွေ့ကြောင်း ၄င်းတို့ကို ရှင်းလင်းရန် ယခု product များ ၀ယ်ပါ (သို့မဟုတ်) activate လုပ်ပါဟု သတိပေးချက်ကြီးတွေ ထွက်ထွက်လာတတ်သည်။
ပိတ်လို့လည်းမရပါ။ ဒီလိုပုံစံမျိုးနဲ့ ကွန်ပျူတာ အသုံးပြုသူအား စိတ်အနှောက်အယှက်အမျိုးမျိုးပေးလေ့ရှိသည်။


၎င်းတို့အား ရှင်းလင်းရန်

Run Command (Win+R) တွင် msconfig ဟုရိုက်ထည့်ကာ System Confuration Utility သို့သွားပါ

System Configuration Utility တွင် Services ဆိုတာကိုသွားပါ။ ၄င်းအောက်နားရှိ "Hide all microsoft services"ဆိုတာကို အမှန်ခြစ်လိုက်ပါ။ ပြီးလျင် disable all button ကို click နိုပ်ပါ။
နောက်တစ်ခုက startup tab ကိုသွားကာ Spyware အသွင်အဖြစ် မည်သည့် application များ ရှိနေ သည် ဆိုတာကို ကြည့်ရန်ဖြစ်သည်။
ဆိုလိုတာက အတုအယောင် antivirus 2008 သည် windows စတက်လိုက်တိုင်း auto run သည်ဆိုလျင်၎င်း သည် command တွင် "C:\Program Files\antivirus 2008" ဟုသော folder တစ်ခုကို ယူထားလိမ့်မည်။ မည်သို့ပင်ဆိုစေ Disable all ကို နိုပ်၍ ok အားနိုပ်ကာ ထွက်လိုက်ပါ။ ဒါဆိုရင် Restart လုပ်မှာလားမေးရင် မလုပ်သေးပါနဲ့ဦး C:\Program Files\ အောက်ကိုသွား၍ စက်စဖွင့် ဖွင့်ခြင်း တက်တက်လာတတ်သော application folder ကိုရှာပါ။ ပြီးရင် Delete လုပ်လိုက်ပါ။
ဒါက manual ရှင်းလိုက်တာပါ။ လုံးဝ ရှင်းရန်အတွက် registry မှာ ရှင်းရပါသေးတယ်..ဒါပေမဲ့ normal user နဲ့ ဖြစ်တတ်တဲ့ spyware/adware/virus/malware ပေါ်မှာ မူတည်ပြီးတော့ လုပ်ဆောင်ရတာ ဖြစ်တဲ့အတွက် ဖော်ပြရခက်ပါတယ်.. ဒါကြောင့် မိမိမှာ ရှိတဲ့Official Antivirus တွေကိုသာ Full Scan ဖတ်လိုက်ပါ။
Kaspersky / Bitdefender စသည်ပေါ့ (ထပ်ပြီးတော့ အတုအယောင် antivirus တွေကိုတော့ မသွင်းပါနဲ့ မုန့်လုံးစက္ကူပတ်တာထက် ဆိုးသွားပါမယ်)
Kaspersky Antivirus 1 user = 65 RM
Kaspersky Antivirus 3 user = 75 RM
Kapsersky Internet Security 1 user = 65 RM
Kaspersky Internet Security 3 user = 85 RM လက်ရှိ မလေးရှားပေါက်ဈေးပါ။


0 comments: