ပြီးခဲ့တဲ့အင်္ဂါနေ့ကဖြန့်ချိခဲ့တဲ့ Firefox 3 ရဲ့ update မှာ လုံခြုံရေးအားနည်းချက် ၁၂ ခုကို ပြုပြင်ဖာထေးထားကြောင်းသိရပါတယ်။ Update version အမည်မှာ Firefox 3.0.9 ဖြစ်ပြီး ၎င်း version ဟာ ယခုနှစ်အတွင်း Mozilla မှ တတိယအကြိမ်မြောက်ဖြန့်ချိခဲ့တဲ့ update version ဖြစ်ပါတယ်။
၎င်း version မှာ Firefox browser အင်ဂျင်မှ လုံခြုံရေးအားနည်းချက်နှစ်ခုနဲ့ JavaScript အင်ဂျင်မှ လုံခြုံရေးအားနည်းချက်နှစ်ခုကို ပြုပြင်ဖာထေးထားကြောင်း သိရပါတယ်။ လုံခြုံရေးအားနည်းချက်များကို Internet Explorer, Safari နဲ့ Opera တို့ထက် Firefox မှာ အများဆုံးရှာဖွေတွေ့ရှိရပေမယ့် ၎င်းအားနည်းချက်များကို ပြုပြင်ဖာထေးရာမှာတော့ Mozilla Firefox browser ဟာအခြား browser များထက် ပိုမိုလျှင်မြန်စွာဖာထေးနိုင်ကြောင်း Secunia လုံခြုံရေးကုမ္ပဏီမှ သုံးသပ်ပြောကြားခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ browser ဈေးကွက်မှာ Internet Explorer ဟာဈေးကွက်ဝေစုရဲ့ 66.82 ရာခိုင်နှုန်းကိုပိုင်ဆိုင်လျှက်ရှိပြီး၊ ၎င်းပိုင်ဆိုင်မှုဟာ မနှစ်ကထက် ၇ ရာခိုင်နှုန်းကျဆင်းသွားခဲ့ပါတယ်။ Mozilla ဟာဈေးကွက်ဝေစုရဲ့ ၂၂.၀၅ ရာခိုင်နှုန်းကိုပိုင်ဆိုင်ပြီး မကြာမီကာလမှာ Internet Explorer ရဲ့ဈေးကွက်ဝေစုများကို ရယူသွားနိုင်ကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ပြောကြားလျှက်ရှိပါတယ်။
ယခုထွက်ရှိတဲ့ update version ကို Windows, Mac OS X နဲ့ Linux တို့မှာအသုံးပြုနိုင်မှာဖြစ်ပြီး၊ Firefox 3 အသုံး ပြုသူများအနေဖြင့် ၄၈ နာရီအတွင်း အသိပေးအကြောင်းကြားချက်များ ရရှိမည်ဖြစ်ကာ "Check for Updates" မှတဆင့် ဒေါင်းလုပ်ရယူသုံးစွဲနိုင်မှာဖြစ်ကြောင်း သိရပါတယ်။
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment