.
5/5/2009
မောင်အေး (နိရဉ္စရာ) ဘင်္ဂလား-မြန်မာ နယ်စပ်တလျောက် မြန်မာဘက်မှ ခြံစည်းရိုး ကာရံ နေရာတွင် နိုင်ငံတကာမှ ချမှတ်ထားသော စည်းကမ်း ဥပဒေများကို ချိုးဖောက်ပါက ဘင်္ဂလာဘက်မှ ထိုင်ကြည့် နေမည်မဟုတ်ဟု ဘင်္ဂလာ ရိုင်ဖယ် တပ်ဖွဲ့ အကြီးအကဲက သတိ ပြောကြားလိုက်သည်။
အဆိုပါ သတိပေးပြောကြားမှုကို ယမန်နေ့က ဘင်္ဂလားဒေခ်ျ့- မြန်မာနယ်စပ် တလျောက်ကို သွားရောက် ကြည့်ရှုခဲ့သူ
ဘင်္ဂလားရိုင်ဖယ် တပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးကြီး မိုင်နုလ်ဟောဆန်မှ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေသထုတ် သတင်းစာများက ရေးသားဖော်ပြရာတွင် ဗိုလ်မှူးကြီး မိုင်နုလ် ဟောဆန်မှ “ မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာမှ ချမှတ်ထားသော ဥပဒေများကို လိုက်နာရန် လိုကြောင်း၊ အကယ်၍ ချိုးဖေါက်ပါက မိမိတို့ အနေဖြင့် ထိုင်ကြည့်နေမည် မဟုတ်ကြောင်း” ပြောကြားသည်ဟု ဖေါ်ပြသည်။
ဘင်္ဂလာရိုင်ဖယ်တပ်ဖွဲ့အကြီးအကဲအဖြစ် မကြာသေးခင်က တာဝန်ပေးအပ်ခြင်းခံရသူ မိုင်နုလ် ဟောဆန်သည် ဖလောင်းချိတ်(ကော့ဘဇား) အခြေစိုက် အမှတ် (၁၇) ဘင်္ဂလာ ရိုင်ဖယ် တပ်ရင်း၊ နတ်ကျောက်ဆရီမြို့အခြေစိုက် အမှတ်(၁၅) ဘင်္ဂလာ ရိုင်ဖယ်တပ်ရင်း၊ အိုခီးယား၊ ပါလင်းခါလီနှင့် ၀ါးခတ်ချောင်းရှိ တပ်စခန်းများကို ယမန်နေ့က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
မကြာသေးမီက တောင်ပြိုမြို့တွင် ဘင်္ဂလားရိုင်ဖယ်တပ်ဖွဲ့နှင့် မြန်မာနစကတို့ အလံတင် အစည်းအဝေး ပြုလုပ်ရာ မြန်မာဘက်မှ ကာရံနေသော ခြံစည်းရိုးနှင့် ပတ်သက်ပြီး တဘက်နှင့် တဘက် အငြင်းပွားမူ ပေါ်ပေါက်ခဲ့သည်။
ဘင်္ဂလာဘက်မှ မြန်မာ အနေဖြင့် ခြံစည်းရိုးကို နယ်နမိတ် မျဉ်းကြောင်း ဇီရိုလိုင်းအတွင်း ကာရံနေသည်ဟု စွပ်စွဲ ကန့်ကွက်ခဲ့ပြီး အဆိုပါ ကန့်ကွက်မူကို မြန်မာဘက်မှ ပယ်ချခဲ့သည်။
အဆိုပါ တဘက်နှင့် တဘက် အငြင်းပွားမူ ပေါ်ပေါက်နေပြီး ဘင်္ဂလာဒေခ်ျ့မှ ဘင်္ဂလာရိုင်ဖယ် တပ်မှူး၏ သတိပေး စကား ယခုကဲ့သို့ ပေါ်ထွက်လာခြင်း ဖြစ်သည်။
ယခုကဲ့သို့ ဗိုလ်မှူးကြီး မိုင်နုလ်ဟောဆန် ဘင်္ဂလာ မြန်မာ နယ်စပ်ကို လာရောက်ကြည့်ရှု့ စစ်ဆေးနေစဉ် အနောက်ပိုင်း တိုင်းတိုင်းမှူး ဗိုလ်ချုပ်သောင်းအေးသည်လည်း တောင်ပြိုနယ်စပ်သို့ ယမန်နေ့က ရောက်ရှိလာပြီး နယ်စပ် တလျောက်ကို စစ်ဆေးခဲ့ပြီး တာဝန်ကျနေသော တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။
မြန်မာဘက်မှ ခြံစည်းရိုး ကာရံနေသည့် အတိုင်းအတာမှာ မောင်တော မြှောက်ပိုင်းတွင် ပေပေါင်း ၄၆၇၁၂ ပေ ပြီးစီးသွားပြီ ဖြစ်သည်ဟု မြေစာရင်းဌာန၏ ကိန်းဂဏန်းအရ သိရသည်။
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment