ငွေကြေးပြည့်စုံခြင်းမရှိဘဲ ဆိုး ရွားသော လူမှုဖူလုံရေးအကျိုးခံစားခွင့်မရှိ သည့် အုပ်စုမှာမူ စောစီးစွာ သေဆုံးရန် အလားအလာရှိနေသည်ဟု ဆိုသည်။ ပညာရည်အဆင့်နိမ့်၍ ငွေကြေးမပြည့် စုံသူများသည် စိတ်ဖိစီးသောကများ နေတတ်ကာ သွေးတိုးရောဂါ၊ ဆီး ချိုနှင့် အ၀လွန်ခြင်း စသည့်ရောဂါ ဝေဒနာများကိုခံစားရမည့် အလား အလာပိုများနေသည်ဟုဆိုသည်။
စောစီးစွာ အနားယူနိုင်သည့် သက်ကြီးရွယ်အိုများမှာ ငွေကြေးအားဖြင့် လည်း ပူပင်ရခြင်းမရှိသည့်အတွက် များ သောအားဖြင့် ၎င်းင်းတို့၏ကျန်းမာရေးမှာ ကောင်းမွန်တတ်ကြသည်။ သို့ရာတွင် ငွေ ကြေးပြည့်စုံပြီး ကျန်းမာရေးချို့တဲ့သူများမှာ မူ စောစီးစွာအနားယူခြင်းကို မဖြစ်မနေပြု ရမည်သာဖြစ်သည်။ လေ့လာဆန်းစစ်မှု အရ သက်ကြီးရွယ်အိုများအတွက် ဘ၀မျှော် လင့်ချက်နှင့် စီး ပွားရေးအခြေ အနေပေါ်မူ တည်၍သာ တုံ့ပြန်ဆောင် ရွက်မှုပြုရန် လိုအပ်သည်
ဟုဆိုသည်။
လေ့လာသုံးသပ်သူတို့၏အစီ ရင်ခံစာအရ အလှူဒါနပြုခြင်းနှင့် စေ တနာ့ဝန်ထမ်း အများအကျိုးဆောင် ရွက်သည့် သက်ကြီးရွယ်အိုများ မှာ အခြားသူများထက်ပို၍ ကျန်းမာ ရေးကောင်းတတ်ကြသည်ဟုဆို သည်။
0 comments:
Post a Comment