မင်္ဂလာ ဧည့်ခံပွဲ တစ်ခု၌ လက်နက်ကိုင် တိုက်ခိုက်ခံရ၍ လူ ၄၄ ဦး သေဆုံး

5/May/2009

တူရကီနိုင်ငံ အရှေ့တောင်ဘက်ပိုင်းတွင် ယမန်နေ့က မင်္ဂလာဧည့်ခံပွဲအခမ်းအနားတစ်ရပ်ကျင်းပ
နေစဉ် လက်နက်ကိုင်လူတစ်စု၏ ၀င်ရောက်တိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံး လူ ၄၄ ဦးသေဆုံး၍အခြားလူ ၁၇
ဦး ဒဏ်ရာရရှိခဲ့သည်။ Mardin မြို့အနီးရှိ Bilge ကျေးရွာအကြီးအကဲတစ်ဦး၏ သမီးဖြစ်သူ မင်္ဂလာဧည့်ခံပွဲအခမ်း
အနား၌ ဖြစ်ပွားသော ယင်းဖြစ်ရပ်တွင် သတို့သားနှင့်သတို့သမီးတို့၏ကံကြမ္မာကိုလတ်တလောရှင်းရှင်းလင်းလင်း
မသိရသေးကြောင်း နိုင်ငံပိုင်အနာတိုလီယာသတင်းအေဂျင်စီက ပြောဆိုသည်။ လက်နက်ကိုင် တိုက်ခိုက်မှုသည်
၁၅ မိနစ်ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။ သေဆုံးသူဦးရေမြင့်တက်လာဖွယ်ရှိသည်ဟုဒေသန္တရတာဝန်ရှိသူများက
ဆိုသည်။ (ဆင်ဟွာ)


0 comments: