ကျင်ငယ်မှ ပြန်လည် သန့်စင်ထားသော ရေကို အာကာသ ယာဉ်မှူးများ စိတ်ချ သောက်သုံး နိုင်ပြီ

.

21/May/2009

နိုင်ငံတကာအာကာသစခန်း (ISS) ၌ တပ်ဆင်ထားသော ကျင်ငယ်မှ ပြန်လည်သန့်စင်စနစ်ဖြင့် ထုတ်
ယူထားသော ရေသည် သန့်ရှင်းစင်ကြယ်မှုအပြည့်အ၀ရှိသဖြင့် ISS၌ တာဝန် ထမ်းဆောင်နေသော အာကာသ
ယာဉ်မှူးများ သောက်သုံးရန်သင့်လျော်ကြောင်း နာဆာအာကာသထိန်းချုပ်ရေးမစ်ရှင်က ရေဒီယိုလှိုင်းမှ တစ်ဆင့်

ခွင့်ပြုချက်ထုတ်ပြန်လိုက်သည်။ ကျင်ငယ်မှ ရေသန့်ထုတ်ယူသည့် နည်းစနစ်ကို ၂၀၀၈ ခုနှစ် နိုဝင်ဘာလက ISS
၌ တပ်ဆင်ထားပြီးဖြစ်သည်။ အဆိုပါရေသန့်စင်စက်မှ ထုတ်ယူရရှိသည့် သောက် သုံးရေ ၅.၂၈ ဂါလံကို STS-
126၊ Expedition 18 နှင့် STS 119 အာကာသလွန်းပျံယာဉ်များဖြင့် ကမ္ဘာမြေသို့ ပြန်လည် ဆင်းသက်လာသော
အာကာသယာဉ်မှူးများက နမူနာအဖြစ် ယူဆောင်လာခဲ့ကြသည်။ ထိုသို့ယူဆောင်လာသောရေကို နာဆာအာကာ
သစခန်းရှိ ရေနှင့် အဏုဇီဝဓါတ်ခွဲခန်း၌သန့်ရှင်းစင်ကြယ်မှု ရှိ/မရှိစမ်းသပ်ခဲ့ရာသောက်သုံးရန်သင့်လျော်ကြောင်း
ကျွမ်းကျင်သူများက ထောက်ခံအတည်ပြုခဲ့ကြသဖြင့် ISS တွင် တာဝန်ထမ်းဆောင်နေသော အာကာသယာဉ်မှူး
ခြောက်ဦးသည် မေလနှောင်းပိုင်းမှစ၍ ကျင်ငယ်မှ ပြန်လည်သန့်စင်ထားသော ရေကို သောက်ရေအဖြစ်အသုံးပြု
နိုင်ကြတော့မည်ဖြစ်သည်။ (ဆင်ဟွာ)

0 comments: