ကမ္ဘာ့အသေးငယ်ဆုံး ထောက်လှမ်းရေးယာဉ်အဖြစ် မှတ်တမ်းတင်ရမည့် စပိုင်ရဟတ်ယာဉ်လေးတစ်စင်းကို Prox Dynamicsကုမ္ပဏီက တီထွင်ထုတ်လုပ်လိုက်သည်။ စီးကရက်ဘူးခွံ ပမာဏမျှသာရှိသည့် PD-100အမျိုးအစား Black Hornetရဟတ်ယာဉ်လေးသည် အနာဂါတ်စစ်မြေပြင်များတွင် အကောင်းဆုံးသော ကောင်းကင်ထောက်လှမ်းရေး ကိရိယာတစ်ခု ဖြစ်လာမည်ဟု Prox Dynamicsမှ အင်ဂျင်နီယာများက မျှော်လင့်နေသည်။ နာနိုကော်ပတာဟုလည်းခေါ်သည့် ထိုရဟတ်ယာဉ်လေးတွင် ဒလက်လေးခု တပ်ဆင်ထားပြီး သာမန်ရဟတ်ယာဉ်များကဲ့သို့ အရှိန်တိုးခြင်း၊ အရှိန်လျှော့ခြင်းစသည့် လှုပ်ရှားမှုမျိုးကို မပြုလုပ်နိုင်ဟု သိရသည်။ အလွန်သေးငယ်သည့် ကင်မရာတစ်လုံးကို တပ်ဆင်ထားသော ရဟတ်ယာဉ်လေးသည် ပုံသေနှုန်း တစ်နာရီလျင် မိုင်(၂၀)ဖြင့်သာ ပျံသန်းနိုင်မည်ဖြစ်သည်။
အလေးချိန် ပေါင်ဝက်မျှသာရှိသော ရဟတ်ယာဉ်ငယ်အတွက် အသုံးပြုထားသည့် ဘက်ထရီမှာ သာမန်ကစားစရာ ရဟတ်ယာဉ်အတွက် အသုံးပြုသည့် ဘက်ထရီထက်ပင် အရွယ်အစားသေးငယ်သည်။ ထိုရဟတ်ယာဉ်အား လေငြိမ်နေသော အခြေအနေတွင် အကြိမ်ကြိမ် စမ်းသပ်ပျံသန်းပြီးဖြစ်သလို ရဟတ်ယာဉ်တွင်ပါသည့် အိတ်အတွင်း သေးငယ်သောပစ္စည်းများကို ထည့်ထားကာ လိုအပ်သောနေရာတွင် ချထားနိုင်ကြောင်းလည်း Prox Dynamics၏ ကုန်စည်ထုတ်လုပ်ရေးဌာန အကြီးအကဲ ပက်တာမူရန်ကဆိုသည်။ ထိုရဟတ်ယာဉ်လေးသည် အဆောက်အအုံပျက်များ အတွင်းသို့ပင် ၀င်ရောက်နိုင်ပြီး သာမန်အားဖြင့် လူရောက်ရန်ခက်ခဲသည့် နေရာများသို့ ထောက်လှမ်းနိုင်ရန် ရည်ရွယ်ထုတ်လုပ်ထားကြောင်း ပက်တာကပြောကြားခဲ့သည်။ ထိုရဟတ်ယာဉ်လေးများကို Prox Dynamicsအနေနှင့် အဆိုပါရဟတ်ယာဉ်ငယ်ကို အစိုးရနှင့် ပြည်သူ့အကျိုးပြု အေဂျင်စီများထံသို့သာ ရောင်းချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment