ခွက်တစ်ဝက်စာမျှရှိသော ၀ိုင်အရက်ကို နေ့စဉ်သောက်သုံးပါက အသက်ရှည်စေကြောင်း သိပ္ပံပညာရှင်များက ပြောကြားလိုက်သည်။ လေ့လာမှုများအရ အသက်(၄၀)ကျော် အရွယ်များသည် ၀ိုင်အရက် ခွက်တစ်ဝက်စီ နေ့စဉ်သောက်ပါက လူ့သက်တမ်းကို (၅)နှစ်မျှ ဆွဲဆန့်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ၀က်ဂန်နီဂျန် တက္ကသိုလ်မှ ပညာရှင်များသည် သက်လတ်ပိုင်းအရွယ် အမျိုးသား (၁၄၀၀)ကျော်တို့အား ၀ိုင်အရက်နှင့် အခြားအရက်အမျိုးမျိုးကို အုပ်စုများခွဲပြီး စာရင်းမှတ်ကာ လေ့လာခဲ့သောအခါ ၀ိုင်အရက်ခွက်တစ်ဝက်မျှ နေ့စဉ်သောက်သူများသည် ပျမ်းမျှသက်တမ်း (၄)နှစ်ခွဲခန့် ပိုနေခွင့်ရသော အခြေအနေများ တွေ့ရှိခဲ့ရသည်။ ထို့အပြင် တစ်နေ့လျင် ၀ိုင်နှစ်ခွက် (သို့မဟုတ်) ဘီယာနှစ်ပိုင့်ခန့် နေ့စဉ်သောက်သူများသည်လည်း လုံးဝအရက်မသောက်သူများထက် သက်တမ်း(၂)ခန့် ပိုနေနိုင်ကြောင်း သိရသည်။ အရက်သောက်ခြင်းနှင့် ဆေးလိပ်သောက်ခြင်းတို့သည် ခန္ဓာကိုယ်အား မည်သည့်အတိုင်းအတာထိ ထိခိုက်ပျက်စီးစေသည်ကို သိရှိလိုသောကြောင့် သုတေသနပြုလုပ်ခဲ့ရာမှ ယခုရလဒ်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ၀က်ဂန်နီဂျန် တက္ကသိုလ် အာဟာရပြုကျန်းမာရေးဌာနမှ ဒေါက်တာမာတီနက် စထရာပဲလ်က ပြောကြားခဲ့သည်။ ၀ိုင်နှင့်အရက်တို့တွင် နှလုံးသွေးကြောများ၏ လှုပ်ရှားမှုကို ကောင်းမွန်မြန်ဆန်စေသည့် ဓာတ်သဘာဝများ ပါရှိနေပြီး လူလတ်ပိုင်းအရွယ်တွင် အတိုင်းအတာနှင့် ချင့်ချိန်သောက်သုံးပါက ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်ကြောင်း ၎င်းကဆိုသည်။ သို့သော်လည်း အလွန်အကျွံသောက်ပါက အသည်းပျက်စီးမှုအပြင် ကင်ဆာကဲ့သို့သော ရောဂါများအထိ ဦးတည်သွားနိုင်ကြောင်း ဒေါက်တာမာတီနက်က ရှင်းပြခဲ့သည်။ အရက်အနည်းငယ် သောက်ခြင်းထက် ၀ိုင်ခွက်တစ်ဝက်မျှ သောက်ခြင်းသည် ကျန်းမာရေးအတွက် ပိုသင့်တော်ကြောင်းလည်း ၎င်းက ထောက်ခံခဲ့သေးသည်။ ထို့အပြင် ၀ိုင်တစ်ခွက်စီမျှ နေ့စဉ်သောက်သော အမျိုးသားများသည် လုံးဝမသောက်သည့် အမျိုးသားများထက် သက်တမ်း(၃.၈)နှစ်ခန့် ပျမ်းမျှပိုနေရကြောင်းလည်း ဖြည့်စွက်ပြောဆိုသွားသည်။
http://www.planet.com.mm/news/read.cfm/id/12444
0 comments:
Post a Comment