သဘာဝ သတင်းများ



သက်တမ်းရင့် ကြယ်တစ်လုံး ပေါက်ကွဲပျက်စီး

29/Apr/2009






ကမ္ဘာပေါ်မှ မြင်တွေ့ရသော ကြယ်များထဲတွင် သက်တမ်းအရင့်ဆုံးနှင့် အဝေးဆုံးကြယ်ကြီးတစ်ခု
၏ စွမ်းအင်များပေါက်ကွဲထွက်နေသည်ကိုအာကာသပညာရှင်များ တွေ့မြင်ခဲ့ကြသည်။ ၁၀ စက္ကန့်မျှ ကြာသောထို
ပေါက်ကွဲမှုသည် စင်္ကြာဝဠာဖြစ်တည်ပြီးနောက် နှစ်ပေါင်း ၆၃၀ မီလီယံ ခန့်က ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ကြယ်ကြီး
ဆီမှ ပေါက်ကွဲထွက်လာသော ဂန်မာရောင်ခြည်များကို ဧပြီ ၂၃ ရက်နေ့က နာဆာ Swift ဂြိုဟ်တုမှ တွေ့မြင်ခဲ့ပြီး
နောက် ကမ္ဘာပေါ်မှ နက္ခတာရာကြည့်မှန်ပြောင်းများဖြင့် စောင့်ကြည့်လေ့လာခဲ့ကြသည်။ ထိုပေါက်ကွဲ ရောင်ခြည်
များသည် ကမ္ဘာမြေသို့ အကွာအဝေး အလင်းနှစ် ၁၃.၁ ဘီလီယံခန့် ဖြတ်ကျော် လာခဲ့ရသည်ဟု ခန့်မှန်းရသည်။
ယင်းအကွာအဝေးသည် ယခင်စံချိန်ထက် အလင်းနှစ် ၁၀၀-၂၀၀ မီလီယံ နီးပါးပိုမိုကွာဝေးသည်။ထိုကြယ်ကြီး
သည် ၁ မီလီယံခန့် သက်တမ်းရှိ၍ ကျွန်ုပ်တို့၏နေထက် အဆပေါင်း ၃၀ ပိုမိုကြီးမားပေသည်။၎င်းကြယ်ပေါက်ကွဲ
ပျက်စီးခြင်းကြောင့် အာကာသတွင်းနက်တစ်ခု ပေါ်ပေါက်ခဲ့သည်။ (အေပီ)



အန္တာတိတ် ရေခဲပြင်မှ နယူးယောက်မြို့ အရွယ်အစားခန့်ရှိ ရေခဲတုံး ပဲ့ထွက်မျောပါ

29/Apr/2009





အန္တာတိတ်ရေခဲပြင်ဒေသမှ နယူးယောက်မြို့အရွယ်အစားခန့်ရှိ ရေခဲတုံးကြီးတစ်တုံး ကျိုးပဲ့လွင့်
မျောခဲ့ကြောင်း သိပ္ပံပညာရှင်များက အင်္ဂါနေ့တွင် ထုတ်ဖော်ပြောဆိုသည်။ စတုရန်းကီလိုမီတာ ၇၀၀အရွယ်အစား
ခန့်ရှိ အဆိုပါရေခဲတုံးကြီးသည် အန္တာတိတ်ရေခဲပြင်ရှိ Wilkins ရေခဲတောင်မှပဲ့ကျလွင့်စင်ခဲ့ခြင်းဖြစ်သည်ဟုဂျာမနီ
နိုင်ငံ Muenster တက္ကသိုလ်မှ ရေခဲပြင်ဆိုင်ရာ ကျွမ်းကျင် ပညာရှင် မစ္စ Angelika Humbert ကဆိုသည်။ အန္တာ
တိတ်ရေခဲပြင်ဒေသတွင် ယခုလစောစောပိုင်းက ကမ္ဘာကြီးပူနွေးလာမှုအကျိုးဆက်ကြောင့် ရေခဲတံတားကျိုးကျခဲ့
သဖြင့် Wilkins ရေခဲပြင်ဒေသရှိ စတုရန်းကီလိုမီတာ ၈၀၀ မှ ၃၀၀၀ အကြားရှိ ရေခဲပြင်ဧရိယာများဆုံးရှုံးသွားနိုင်
ဖွယ်ရှိသည်ဟု မစ္စ Humbert က မှန်းဆပြောဆိုသည်။ စက်ရုံ၊ အလုပ်ရုံနှင့် မော်တော်ကား များမှ ထွက်ပေါ်လာ
သော ရုပ်ကြွင်းလောင်စာများကြောင့် ကမ္ဘာကြီးပူနွေးလာမှု အကျိုးဆက်အပေါ် ရာသီဥတုဆိုင်ရာကျွမ်းကျင်ပညာ
ရှင်များက ပြစ်တင်ပြောဆိုသည်။ အန္တာတိတ်ရေခဲပြင်ဒေသအပူချိန်သည် ယခုရာစုနှစ် အတွင်း ၃ ဆဲလ်စီးယပ်စ်
ကျော် ပူနွေးမှုဖြစ်ပေါ်ခဲ့သည်။ (ဆင်ဟွာ)



ရာသီဥတု ပြောင်းလဲမှုကြောင့် အရှေ့တောင်အာရှ ဆိုးရွားစွာ ထိခိုက်နိုင်

29/Apr/2009




အာရှဖွံ့ဖြိုးရေးဘဏ်သည် အင်ဒိုနီးရှား ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ကို အခြေပြု၍ အရှေ့
တောင်အာရှဒေသတွင် ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးများကို လေ့လာ စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။ ဖော်ပြပါ
နိုင်ငံများတွင် ကမ်းရိုးတန်းဒေသများရှည်လျားစွာတည်ရှိသဖြင့် ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာသည့်အခါ
တွင် အန္တရာယ်ပိုမိုကြီးမားမည်ဖြစ်သည်။ ထိုနိုင်ငံများသည် ဆန်စပါးအပါအ၀င်အခြားသောစိုက်ပျိုးရေးထွက်ကုန်
များကို အဓိကအားထားကြသဖြင့် စိုက်ပျိုးရေမလုံလောက်ခြင်းနှင့် ရေကြီးခြင်း အန္တရာယ်ကိုလည်းဆိုးဝါးစွာခံစား
ရနိုင်သည်။ ထို့ကြောင့် ၎င်းတို့၏ စီးပွားရေးသည် တစ်နှစ်လျှင် ၆.၇% ခန့် ကျဉ်းကျုံ့မှုများဆက်တိုက်ဖြစ်ပေါ်နိုင်
သည်။ အရှေ့တောင်အာရှနိုင်ငံများသည် ရာသီဥတုပြောင်းလဲခြင်းကိုရင်ဆိုင်ဖြေရှင်းရန်နှောင့်နှေးကြန့်ကြာမှုများ
ဖြစ်ခဲ့လျှင် ၎င်းတို့၏စီးပွားရေးများ ဆိုးဝါးစွာထိခိုက်၍ လူအများအပြားဘေးအန္တရာယ်ကျရောက်မည်ဟုအေဒီပီ၏
ဒုတိယဥက္ကဌက ထုတ်ဖော်ပြောဆိုသည်။ အရှေ့တောင်အာရှနိုင်ငံများတွင် လွန်ခဲ့သောနှစ်များ အတွင်းကမဆင်မ
ခြင်သစ်ခုတ်လှဲခြင်းနှင့် ဆီအုန်းစိုက်ပျိုးခြင်းတို့အတွက် ပြုန်းတီးသွားသော သစ်တောများကိုအစားထိုးစိုက်ပျိုးရန်
နှင့် ကျန်ရှိနေသော အပူပိုင်းသစ်တောများကိုထိန်းသိမ်းစောင့်ရှောက်ရန်အလွန်အရေးကြီးလှပေသည်။(ဆင်ဟွာ)



0 comments: