မပေါက်သေးသော ဗုံးများ လာအိုတွင် ဆိုင်တင်ရောင်းချ

ဗီယက်နမ်စစ်ပွဲအပြီး နှစ် ပေါင်း ၃၀လောက်အကြာမှာတော့ မပေါက်သေးဘဲ ရှင်သန်ကျန်ရစ်တဲ့ ဗုံးတွေဟာ လာအိုနိုင်ငံရဲ့ မြေမျက် နှာပြင်မှာ ကျဲပြန့်လို့နေနေဆဲပါ။ ဒါ တွေဟာ အပြစ်မဲ့လာအိုပြည်သူတွေ အတွက် ရှင်သန်ခြင်းကို နေ့စဉ်နှင့် အမျှ ခြိမ်းခြောက်လျက်ရှိနေပါတယ်။ ဒါပေမဲ့ ရိုးသားတဲ့လာအိုပြည်သူတွေ ကတော့ သူတို့တိုင်းပြည်ရဲ့ အလှ တရားကြားမှ

သေမင်းတမန်လက် နက်တွေဖြစ်တဲ့ စစ်ရဲ့အညစ်အကြေး တွေကို သူတို့ သိမှသိလေစွဟုပင် စဉ်းစားချင်စရာကောင်းနေပေသည်။

မီးနဲ့ကစားနေသူများ
၁၉၆၄နဲ့ ၁၉၇၃ကြားကာ လအတွင်းမှာ အမေရိကန်ပြည်ထောင် စုဟာ အရှေ့တောင်အာရှနိုင်ငံတွေ ဖြစ်တဲ့ လာအိုနိုင်ငံအပေါ်ကို ဗုံးတန် ၂သန်းလောက်ကြဲချခဲ့ဖူးပါတယ်။ ဒါ ပေမဲ့ အဲဒီအချိန်တုန်းကနေ ယခုချိန် အထိ ဗုံးတချို့ဟာ မပေါက်သေးဘဲ ရှင်သန်ကျန်ရစ်လို့ကောင်းနေဆဲပါ။ ဒီဗုံးတွေဟာ စနက်တံဖြုတ်ပြီးသား တွေမို့ ဘယ်အချိန်မှာ ဘယ်လိုပေါက် မလဲဆိုတာ ယခုအချိန်ထိ ရင်ခုန်ဖို့ ကောင်းနေဆဲပါ။ ဒါပေမဲ့ အပြစ်မဲ့ လာအိုပြည်သူတွေကတော့ ဒီလို မပေါက်သေးဘဲ ကျန်ရစ်နေတဲ့ဗုံး တွေကို သူတို့ရဲ့ ဈေးရောင်းတဲ့ဆိုင် ခန်းတွေကို ယူဆောင်ပြီးထားလာကြ တာဟာ လူတွေကြားမှာ အန္တရာယ် ကို ဖိတ်ခေါ်ထားသလိုဖြစ်နေပါတော့ တယ်။ ဒီဗုံးတွေဟာ အခါမလပ်ထ ပေါက်နိုင်စွမ်းရှိလို့ သူတို့ဟာ မီးနဲ့ ဆော့ကစားချင်သူများလား သို့တည်း မဟုတ် ဤအရာဝတ္ထုများကိုမကြောက် လို့ ဆိုင်တင်ရောင်းချနေတာလားဆို သည်ကိုတော့ သူတို့သာ သိနိုင်ပေ လိမ့်မည်။

0 comments: