ဖော်စပ်ထားသောနို့က ရင်သွေးငယ်များ ကြာရှည်အိပ်ပျော်စေသည်ဟုဆိုသော်လည်း မိခင်နို့သည်သာ အကောင်းဆုံးဟုဆို

မိဘများအနေဖြင့် အချို့သောဖော်စပ်ထား သည့် နို့များသည် ၎င်းင်းတို့၏ရင်သွေးငယ်များအား ငြိမ် သက်သော ပိုမိုကြာရှည်စွာ အိပ်ပျော်စေသည်ဟူ၍ အထင်အမြင်မှားလျက်ရှိသည်ဟုဆိုသည်။ Hipp Organic, Cow and Gate တို့မှ ထုတ်လုပ်သောနို့များကို ခြောက်လအရွယ်အထိ ကလေးငယ်များအား ငြိမ်သက် ၍ အိပ်ပျော်စေသောနို့များဖြစ်သည်ဟုဆိုပြီး

၎င်းင်းတို့က မိခင်နို့တိုက်ကျွေးခြင်းသည် ကလေးငယ်များ၏သွားများ ကို ပိုးစားစေသည်ဟုပင် ပြစ်တင်ဝေဖန်လျက်ရှိသည်။ ဖော်စပ်ထားသောနို့များတွင် ကွေကာအုပ်များဖြင့် ပျစ် နှစ်နေပြီး ကလေးငယ်များအတွက် အစာချေဖျက်မှုကို ရှည်ကြာစေကာ ပင်ပန်းနွမ်းနယ်နေသောမိဘများက ၎င်းင်းတို့၏ကလေးငယ်များ ညဘက်တွင် ကြာကြာအိပ် စေရန် ထင်ရာစိုင်းလျက်ရှိနေခြင်းဖြစ်သည်။
အလားတူပင် အလုပ်အလွန်များသောမိခင် တို့ကလည်း ၎င်းတို့၏ရင်သွေးငယ်များ နေ့လယ်နေ့ခင်း အချိန်တွင် အေးဆေးငြိမ်သက်စေရန်အတွက် ဖော်စပ် ထားသောနို့များမှာ ၎င်းင်းတို့၏ရင်သွေးငယ်များအတွက် အထူးသင့်လျော်သည်ဟု ယူဆကောင်းယူဆမည်ဖြစ် သည်။ ထို့ပြင် ထိုကဲ့သို့ ဖော်စပ်ထားသောနို့များအား မိခင်နို့တိုက်ကျွေးရမည့် ညအိပ်ရာဝင်ချိန်တွင် အစားထိုး တိုက်ကျွေးက မိခင်နို့တိုက်ကျွေးခြင်းကို ယုတ်လျော့စေ မည်ဖြစ်သည်။
အစိုးရ၏ အာဟာရဆိုင်ရာအကြံပေးကော် မတီက ထိုဖော်စပ်ထားသောနို့များက ညဘက်တွင် ကြာရှည်စွာအိပ်ပျော်စေနိုင်သော အာဟာရနှင့် ဆက် စပ်လျက်ရှိသည့် အကျိုးရလဒ်ဆိုင်ရာအထောက်အထား မတွေ့ရှိဟုဆိုသည်။ Cow and Gate ကုမ္ပဏီမှ ပြော ရေးဆိုခွင့်ရပုဂ္ဂိုလ် ဆယ်လီဂရစ်ဖတ်ကမူ ၎င်းင်းတို့၏နို့ က ကလေးများအား အိပ်ပျော်စေသည်ဟု မည်သည့် အခါမျှ မပြောခဲ့ကြောင်း၊ ညအိပ်ရာဝင်ချိန်တွင် ကလေး များ အေးဆေးငြိမ်သက်စေရန်အတွက် အထောက်ကူ ပြုကြောင်းကိုသာ ပြောခဲ့သည်ဟုဆိုသည်။ ထို့ပြင် ၎င်းင်း တို့နို့နှင့်ပတ်သက်၍ အရေးပါသော သတိပေးမှုဖြစ် သည့် မိခင်နို့သည်သာ အကောင်းဆုံးဖြစ်သည်ဆိုခြင်း ကို ထောက်ခံမှုပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

0 comments: