ဘုရားပလင်တော်အတွက် အသုံးပြုရန် ဖြတ်တောက်ထားသည့် ကျောက်စိမ်းပါကေးပြားများမှ ရွှေတိဂုံပုံစံတူစေတီတစ်ဆူပေါ်ထွက်လာ

.

.

မန္တလေး၊ ဘုရားပလင်တော်အတွက် အသုံးပြုရန် ဖြတ်တောက်ထားသည့် ကျောက်စိမ်းပါကေးပြားများကို ဆက် စပ်ကြည့်ရာ ရွှေတိဂုံစေတီတော်ပုံစံတူ စေတီတစ်ဆူပေါ်ထွက်လာကြောင်း သိ ရသည်။ မန္တလေးမြို့ မဟာအောင်မြေမြို့ နယ် စိန်ပန်းကတ္တူရပ်ရှိ ချမ်းသာကြီးမြတ် စွာဘုရားဓမ္မာရုံအား ရပ်ကွက်သူရပ် ကွက်သားများစုပေါင်း၍ ဘက်စုံပြုပြင် မွမ်းမံပြင်ဆင်မှုများပြုလုပ်ရာ ဘုရားပလင် တော်အတွက် ကျောက်စိမ်းပါကေးပြား များ ကပ်လှူပူဇော်ရန် အဆိုပါရပ်ကွက်မှ ထွန်းညီနောင်ကျောက်စိမ်းရောင်းဝယ်ရေး ကုမ္ပဏီ ဦးကျော်ဝင်း၊ ဦးတင်မောင်ဝင်း တို့က ကျောက်စိမ်းအသားကျောက်တုံး ကြီးကို လေးလက်မပတ်လည်အရွယ် အစားရှိ ပါကေးချပ်များဖြတ်တောက် ခဲ့ကြရာ ပါကေးအချပ်ရေ ၁၄၄ချပ်ဖြတ် တောက်ပြီးသောအခါ ပါကေးပြားများ အား ဆက်စပ်ကြည့်ရာတွင် ထူးခြားအံ့ ဖွယ် ဥာဏ်တော်လေးပေအမြင့် ရွှေတိဂုံ စေတီတော်ပုံစံတူ စေတီတော်ပုံသဏ္ဌာန် ပေါ်ပေါက်နေခြင်းဖြစ်သည်။ စေတီတော်အင်္ဂါရပ်များနှင့် ပြီး ပြည့်စုံသော ထူခြားအံ့ဖွယ်ပေါ်ပေါက် ခဲ့သည့် ကျောက်စိမ်းစေတီတော်တွင် ငှက်မြတ်နားတော်၊ ထီးတော်၊ ဆည်း လည်း၊ ကြာမှောက်၊ ကြာလှန်၊ ဘီလူး ပန်းဆွဲတို့ပါရှိပြီး အရံစေတီနှစ်ဆူကိုပါ ဘေးတစ်ဖက်တစ်ချက်တွင် ပါရှိသည

0 comments: