သေကံ မရောက် အသက်မပျောက် အိန္ဒိယ ကလေးငယ်





17/Mar/2009






အိန္ဒိယနိုင်ငံတွင် အသက် ၆ နှစ်အရွယ်ကလေးငယ်တစ်ဦးအား ၎င်း၏ ခန္ဓာကိုယ်အတွင်း ထုတ်ချင်း
ပေါက်စိုက်ဝင်နေသော အရှည် ၆ ပေရှိ သံချောင်းတစ်ချောင်းကို ဆရာဝန်များက အောင်မြင်စွာ ဖယ်ရှားပေးနိုင်ခဲ့
သည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဖြစ်ပွားသော ယင်းဖြစ်ရပ်တွင် ကလေးငယ် Mehul Kumar သည် အိန္ဒိယဘာသာ
ရေးပွဲတော် ဟိုလီသင်္ကြန်ပွဲအား ဆော့ကစားနေစဉ် ဆောက်လုပ်ဆဲနေအိမ်လှေခါးပေါ်ရှိ သံချောင်းပေါ်သို့ မတော်
တဆလဲကျရာမှ ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။အခင်းဖြစ်ပါပွားပြီးနောက် Ranchi မြို့ရှိ ဆေးရုံသို့ အလျင်အမြန်
တင်ပို့ပေးခဲ့ပြီး ဆရာဝန်များက လေးနာရီာကာခွဲစိပ်၍ ၎င်း၏ခန္ဓာကို၌ စိုက်ဝင်နေသော သံချောင်းကို ဖယ်ရှားပေး
ခဲ့ကြသည်။ ခန္ဓာကိုယ်ထဲသို့ သံချောင်းစိုက်ဝင်မှုကြောင်း သွေးထွက်လွန်၍ အသည်းနှင့် ၀မ်းဗိုက်တွင်ထိခိုက်ဒဏ်
ရာရရှိခဲ့သော်လည်း စိုးရိမ်ရသည့် အခြေအနေတွင် မရှိဘဲ ယခုအခါ ကျန်းမာရေးအခြေအနေပြန်လည်ကောင်းမွန်
လာနေကြောင်း ဆရာဝန်များကဆိုသည်။ (ဘီဘီစီ)



0 comments: