3/15/2009
ဘင်္ဂလာဒေခ်ျ့နှင့် ဆက်စပ်နေသော နယ်စပ်တလျောက်တွင် တရားမ၀င် လူများ ၀င်ထွက် သွားလာနေမူကို တားဆီးရန် အတွက် မြန်မာဘက်က ခြံစည်းရိုး ကာရံသွားမည် ဖြစ်ကြောင်း အမည်မဖေါ်လိုသူ အစိုးရ အရာရှိတဦးက ပြောသည်။
သူက “ ကုန်တွင်းမိုင် အရှည်က စုစုပေါင်း ၁၃၀ ရှိပါတယ်။ မောင်တောကနေ အိန္ဒိယ နယ်စပ် ပလက်ဝ အထိပေါ့နော်။
အကုန်လုံးကို ခြံစည်းရိုးကာရံသွားပါ့မယ်။ နိုင်ငံတော် အတွက် မလိုလားအပ်တဲ့ ပြဿနာတွေ နောင်မှာ မပေါ်ပေါက်ရအောင် လုံခြုံရေး အရ ကြိုတင်ပြီးတော့ ပြုလုပ်တာ ဖြစ်ပါတယ်။” ဟု ပြောသည်။
ယခုအခါ အဆိုပါ ခြံစည်းရိုးကာရံမူ လုပ်ငန်းကို ဆောင်ရွက်ရန်အတွက် နယ်စပ် တလျောက်တွင် စစ်သားအများအပြားရောက်ရှိနေသည်ဟု ဒေသတွင်းကလာသော သတင်းများအရ သိရသည်။ အမည်မဖေါ်လိုသူ မောင်တောမြို့ခံ တဦးက “ ကြိမ်ချောင်းကျေးရွာကို စစ်သား ၂၀၀ ခန့် ရောက်ရှိလာပါတယ်။ ဘားဝါယာတွေလည်း အများအပြား သူတို့နဲ့ အတူ ပါလာပါတယ်။ ဆက်လက်ပြီးတော့လည်း ဘားဝါယာကြိုးတွေကို ဆက်လက် သယ်ယူနေတုန်း ဖြစ်ပါတယ်။” ဟု ပြောသည်။
ယမန်နေ့ သင်္ဘောများဖြင့် ဘာဝါယာများကို စစ်တွေမှ တဆင့် မောင်တောသို့ သယ်ယူလာခဲ့ပြီး ကညင်ချောင်း ဆိပ်ကမ်းတွင် ဘာဝါယာအများအပြားကို စုပုံထားသည်ဟု မျက်မြင် တဦက အတည်ပြု ပြောကြားသည်။
ခြံစည်းရိုးကာရံမူကို မောင်တောမြို့နယ် မြောက်ပိုင်းတွင် တည်ရှိသော နစက အမှတ် (၁)နှင့် အမှတ် (၂) နယ်မြေမှ စတင်ပြီး ပြုလုပ်သွားမည် ဖြစ်ပြီး အဆိုပါ စီမံကိန်းကို စစ်တပ် တပ်ရင်း ၄ ရင်းမှ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
ယခု ခြံစည်းရိုးကာရံမူ စီမံကိန်းကို မြန်မာ နအဖ စစ်အစိုးရမှ မူဆလင် လှေစီး ဒုက္ခသည် ပြဿနာပေါ်ပေါက်ပြီးနောက်ပိုင်း စီစဉ်ခြင်း ဖြစ်သည်။
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment