19/Mar/2009
ယခုနှစ်မတ်နှင့်ဧပြီအတွင်းမွန်းလွဲပိုင်းနှင့်ညနေပိုင်းအချိန်များတွင် ရာသီဥတုပူပြင်းခြောက်သွေ့မှု
ကြောင့် ဖြစ်ပေါ်လာသော မိုးတိမ်တောင်များကြောင့် မြန်မာနိုင်ငံရှိဒေသအချို့၌နေရာကွက်၍မိုးသက်လေပြင်းနှင့်
လေနီကြမ်းများ တိုက်ခတ်ခြင်း၊ စိုက်ဆင်းလေပြင်းများ ကျရောက်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းများဖြစ်
ပေါ်နိုင်သဖြင့် အထူးသတိထားဂရုပြုရန်လိုအပ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြား
ရေးမှူးချုပ်ဒေါက်တာထွန်းလွင် ကပြောကြားသည်။ ထို့ကြောင့် မတ်လအတွင်း၌လည်း မိုးတိမ်တောင်ကြောင့် လေ
ပြင်းတိုက်ခြင်း၊ မိုးရွာသွန်းခြင်းနှင့် မိုးသီးကြွေကျခြင်းများကို ရာနှုန်းပြည့်ကင်းလွတ်သည်ဟုပြော၍မရကြောင်းဆို
သည်။ ဆက်လက်၍ “မိုးတိမ်တောင်တွေက များသောအားဖြင့် ညနေပိုင်းတွေမှာ အဖြစ်များပါတယ်။ မွန်းလွဲညနေ
ပိုင်းတွေမှာ အနောက်မြောက်ဘက်ကနေလေပြင်း တွေတိုက်တာ၊ လေနီကြမ်းတိုက်တာနဲ့ မိုးသီးကြွေတာတွေဖြစ်
တတ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာ မိုးသီးကြွေတတ်ပါတယ်။ ဖြစ်နိုင်ခြေအများဆုံးနဲ့
အဆိုးဆုံးကစိုက်ဆင်းလေပြင်းတိုက်တာပါပဲ။ စိုက်ဆင်းလေပြင်းတိုက်ရင် နေရာကွက်ပြီးတိုက်နိုင်တဲ့အတွက်လေ
ရဲ့အရှိန်က အားကောင်းနိုင်ပါတယ်။ အခြားနေရာကိုတော့မရွှေ့နိုင်ဘူး။ လေတိုက်နှုန်းက တစ်နာရီကိုမိုင်၆၀ကနေ
မိုင်၈၀အထိ ပြင်းတဲ့အတွက် တချို့အရာဝတ္ထုနဲ့အဆောက်အအုံတွေ ပျက်စီးနိင်တယ်။ စိုက်ဆင်း လေပြင်းကျမယ်၊
မကျဘူးဆိုတာတော့ ပြောနိုင်မယ့်နည်းလမ်းနဲ့ အသေးစိတ်ဖော်ပြနိုင်တဲ့ရေဒါမရှိတဲ့အတွက်ပြောလို့မရပါဘူး။ယေ
ဘုယျတော့အနီးစပ်ဆုံးပြောနိုင်ပါတယ်။ လက်ရှိ အနေအထားအရတော့ ဖြစ်နိုင်ပါတယ်” ဟု ဦးထွန်းလွင်ကပြော
ကြားခဲ့သည်။ ထို့အပြင်အညာဒေသများ၌ အပူချိန်မြင့်မားသောအချိန်များ၊ မွန်းလွဲပိုင်းနှင့် ညနေ ၄နာရီနောက်ပိုင်း
အချိန်များတွင် လေနီကြမ်းများကျရောက်နိုင်ကြောင်း၊ ပူပြင်းခြောက်သွေ့သော လေကြောင့်ဖြစ်ပေါ်တတ်သည့် မီး
ဘေးအန္တရာယ်ကိုပို၍ ဂရုပြုသင့်ကြောင်း၊ ဧရာဝတီတိုင်း အတွင်း မိုးတိမ်တောင်နှင့် တွေ့ဆုံမိ၍ နေရာကွက်ကာ
လေပြင်းများ တိုက်ခတ်သွားသည်ဆိုသည်မှာ မှန်ကန်ပါကြောင်းဦးထွန်းလွင် က ထပ်လောင်း ပြောကြားသည်ဟု
၂၀၀၉ခုနှစ်မတ်လ ၁၉ရက်နေ့ထုတ် Popular news ဂျာနယ်တွင်ဖော်ပြထားပါသည်။
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment