လက်သည်းညှပ်ကိရိယာဖြင့် ကနေဒါတွင် ထောင်ဖောက်ထွက်ပြေး





14/Mar/2009





ကနေဒါနိုင်ငံ ဆက္ကပ်ချီဝမ်ဒေသရှိ အကျဉ်းထောင်တစ်ခုတွင် အကျဉ်းသားများသည် လက်သည်းညှပ်နှင့်အ
ခြားသော သံတိုသံစ ကိရိယာများကို အသုံးပြု၍ ထောင်နံရံကို ဖောက်ထွင်း ထွက်ပြေးခဲ့ကြသည်။ ထောင်နံရံကို
ဖောက်ထွင်းနေစဉ် အခြားသော အကျဉ်းသားများက ၀န်ထမ်းများမမြင်တွေ့စေရန် ဖဲချပ်များကစား၍ အကာအ
ကွယ် ပေးထားကြသည်။ အကျဉ်းသား ခြောက်ယောက်သည် အတွင်းနံရံမှ ဖောက်ထွက်၍ အပြင်ဘက် နံရံအ
ရောက်တွင် လုံခြုံရေးဝန်ထမ်းများ၏ ဖမ်းဆီးခြင်းကိုခံကြရသည်။ (ဘီဘီစီ)




0 comments: