|
|
လှိုင်းလေကြမ်းတမ်းသည့် မော်လ်တာကမ်းလွန်ပင်လယ်ပြင်တွင် ယမန်နေ့က ဦးတည်ရာမဲ့မျောပါနေ
သော သင်္ဘောတစ်စင်းမှ တရားမ၀င်ကူးပြောင်းဝင်ရောက်ရန် ကြိုးပမ်းသည့် လူ ၁၄၀ခန့်ကိုကယ်ဆယ်ရေးတပ်ဖွဲ့
က ကယ်တင်ခဲ့ကြောင်းသိရသည်။ အီတလီနိုင်ငံ Lampedusa ကျွန်းသို့ တရားမ၀င်ကူးပြောင်းရန် ကြိုးပမ်းသူများ
စီးနင်းလိုက်ပါလာသည့် အဆိုပါသင်္ဘောသည် လမ်းခရီး၌ လောင်စာ ဆီပြတ်လပ်မှုနှင့် တွေ့ကြုံရာမှ ဦးတည်ရာမဲ့
မျောပါနေခြင်းဖြစ်ဖွယ်ရှိသည်ဟု တာဝန်ရှိသူများက ဆိုသည်။ ယခုနှစ်အတွင်း အီတလီနိုင်ငံသို့ အာဖရိက ဒေသမှ
တရားမ၀င်ကူးပြောင်းအခြေချသူဦးရေ သိသိသာသာ မြင့်တက်ခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့် သောကြာနေ့တစ်
နေ့တည်းမှာပင် Lampedusa ကျွန်းသို့ တရားမ၀င် ကူးပြောင်းလာသူ ၁၅၀၀ ခန့် ရောက်ရှိခဲ့ကြောင်း အီတလီတာ ၀န်ရှိသူများကဆိုသည်။ (ဘီဘီစီ)
0 comments:
Post a Comment