ထိုင်းနိုင်ငံတောင်ပိုင်း ရာလာပြည်နယ်တွင် အင်္ဂါနေ့က အကြမ်းဖက်သမားဟု ယူဆရသူများ ထောင်
ထားခဲ့သည့် ဗုံးတစ်လုံးပေါက်ကွဲ၍ စစ်သား (၇) ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အနက်မှ ၂ ဦးသည်အခြေအနေအလွန်
ဆိုးဝါးသည်။ အကြမ်းဖက်သမားများသည် ရထားလမ်းဘေးတွင် ဓါတ်ငွေ့ဘူးခွံတစ်ခုထား၍လုံခြုံရေးအရာရှိများ
အား လာရောက်စစ်ဆေးရန် လှည့်စားခဲ့သည်။ ဗုံးကျွမ်းကျင်သူများ လာရောက်ချိန်တွင်ထိုအနီးရှိဗုံးအစစ်မှပေါက်
ကွဲခဲ့ခြင်းဖြစ်သည်။ တောင်ပိုင်းရှိအကြမ်းဖက်သမားများ၏ သောင်းကျန်းမှုများကို နှိမ်နင်းရန် ထိုနယ်တွင်အုပ်ချုပ်
ရေးမှူးရုံးနှင့် အထူးစီးပွားရေးဖွံ့ဖြိုးမှုဇုန်တို့ကို တည်ထောင်ပြီး အစ္စလမ်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်
မည်ဟု ထိုင်းနိုင်ငံ၏ အသစ်စက်စက်ရွေးကောက်ခံဝန်ကြီးချုပ် အဘီဆစ်က အင်္ဂါနေ့မနက်ပိုင်း မိန့်ခွန်းတွင် ထည့်
သွင်းပြောကြားခဲ့သည်။ (ဆင်ဟွာ)
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment