ကြက်ဆူ သံသရာ ရခိုင်ပြည်သူများ ကျော့ကော့အောင် ဆက်လက်ခံနေရ

.

12/1/2008

မောင်ရမ္မာ၊ ခိုင်မင်းမူ (နိရဉ္စရာ) ရခိုင်ပြည်နယ် တ၀ှန်းလုံးရှိ ပြည်သူများအား နအဖ စစ်အာဏာပိုင်များက အတင်းအကြပ် ကြက်ဆူပင်များကို စိုက်ပျိုးခိုင်းသည်သာမက ကြက်ဆူပင် စိုက်ပျိုးရန်အတွက် မြေများကိုလည်း သိမ်းပိုက်ခြင်း ခံခဲ့ရသည်။ ၎င်းအပြင် ကြက်ဆူပင် မျိုးစေ့များကိုလည်း စစ်အာဏာပိုင်များထံမှ ၀ယ်ယူ စိုက်ပျိုးခဲ့ရသည်။



ယခုအခါ တဖန် ရခိုင်ပြည်နယ် အာဏာပိုင်များက ကြက်ဆူစေ့များကို ဆီစက်ပိုင်ရှင်များကို အဖိုးအခ တစုံတရာ မပေးဘဲ ကြိတ်ခိုင်းနေသည်ဟု သိရသည်။

ယခုကဲ့သို့ ကြက်ဆူပင် စိုက်ပျိုးရာဒေသများမှ အာဏာပိုင်များက ဒေသ အတွင်းက ဆီစက်ပိုင်ရှင်များအား ကြက်ဆူဆီကြိတ်ရန် အတင်းစေခိုင်းနေကြောင်းကို ဒေသခံ ဆီစက်ပိုင်ရှင် တဦးက ယခုကဲ့သို့ ပြောသည်။

“ကျွန်တော်တိုက စစ်တွေမြို့နယ်မှာ ဒေသခံတွေပိုင်တဲ့ ဆီကြိတ်စက်သုံးလုံးကို ကြွီဒဲ ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ တည် ခိုင်းပီးတော့ အနီးအနား ကျေးရွာတွေအားလုံးက ကြက်ဆူသီးတွေ အဲဒီ ဘုန်တော်ကြီး ကျောင်းဝင်း အတွင်းကို ပို့ပေး ရတယ်။ ကြက်ဆူသီးတွေကို တတောင်းကို ကြိတ်မှ ကြက်ဆူဆီက တပုလင်းခွဲဘဲ ရပါတယ်။ စက်သုံးဆီက နှစ်ပုလင်းခွဲကုန်ပါတယ်။ တွက်ခြေမကိုက်တာကို အာဏာပိုင်တွေကို တင်ပြတော့ ရတာ မရတာ မသိဘူး။ နိုင်ငံတော် စီမံကိန်း ဆက်ကြိတ်ရမယ်ဆိုလို့ ပြောတဲ့အတွက် ဆက်လက်ပီး ကြိတ်နေရပါတယ်။” ဟု ပြောသည်။

၎င်းပြင်သူက “မိုးရာသီမှာ ကြက်ဆူပင် စိုက်ပျိုးဖို့ အတွက် ရွာသားတွေကို လုပ်အားပေးစေခိုင်းပါတယ်။ ကြက်ဆူသီး ရင့်လာပြန်တော့ ဆီကြိတ်ဖို့ဆိုပီး ကိုယ့်ရွာက ထွက်တဲ့ ကြက်ဆူသီးတွေကို ဆီကြိတ်တဲ့နေရာကို သွားသယ်ပေးရပါတယ်။ တနှစ်လုံး ကိုယ့်အလုပ်ကို ကိုယ်လုပ် လို့မရဘဲ ဖြစ်နေပြီး သူတို့ အတွက်ချည်းဘဲ နေ့စဉ် လုပ်အားပေးနေကြရတယ်”ဟု အဆိုပါ ဒေသခံက ပြောသည်။

အဆိုပါ ကြက်ဆူ ဆီကြိတ်ခွဲရေးလုပ်ငန်းကို အောက်တိုဘာလ ၁၃ ရက်နေ့မှ စတင်ပြီး ယခုအချိန်ထိ ဒေသခံတပ်ရင်းများဖြစ်ကြသည့် ခမရ ၂၃၂၊ ၃၄၄ တပ်ရင်းအာဏာပိုင်များက ကြက်ဆူပင် စိုက်ပျိုးရာ ကျေးရွာများမှ ကြက်ဆူသီးများကို ကျေးရွာသားများကို အတင်း လုပ်အားပေစခိုင်ပြီး ဆီကြိတ်ရာ နေရာသို့ နေ့စဉ်နေ့တိုင်း ပို့ဆောင်ခိုင်းနေသည်ဟု သိရသည်။

ယခုကဲ့သို့ လုပ်အားပေစေခိုင်းစေခံနေရသော ကျေးရွာများမှာ စစ်တွေမြို့မြောက်ဘက်တွင် တည်ရှိသော ကြွီဒေးကျွန်း၊ ကျောက်တန်း၊ ပါဒလိပ်၊ အမြင့်ကျွန်း၊ ငတောက်တက်၊ ချီလီပြင် ကျေးရွာများဖြစ်ကြသည်။

0 comments: