.ပုံမှန်ထက် ကိုယ်အလေးချိန်များ ခြင်း သို့မဟုတ် ပုံမှန်အောက် ကိုယ်အလေး ချိန်လျော့နည်းနေသည့် ဆယ်ကျော်သက် အရွယ်များသည် တစ်နေ့လျှင် စီးကရက် ၁၀လိပ် သောက်သုံးသည်နှင့်ညီမျှသော ဆိုး ကျိုးကို ဖြစ်ပေါ်စေမည်ဟု လေ့လာသုံးသပ် သူတို့က ယူဆခဲ့ကြသည်။ ဆွီဒင်သုတေသန ပညာရှင်တို့က အသက်၁၈နှစ်မှ၃၈နှစ်အတွင်း ရှိ လူပေါင်း ၄၆၀၀၀အား လေ့လာဆန်းစစ် ရာမှ ထိုကဲ့သို့တွေ့ရှိရခြင်းဖြစ်သည်။ အ၀ လွန်ခြင်း သို့မဟုတ် တစ်နေ့လျှင် ဆေးလိပ် ၁၀လိပ်ထက် ပိုမိုသောက်သုံးခြင်းအားဖြင့် အချိန်မတိုင်မီ စော၍ အသက်ဆုံးရှုံးမည့် အန္တရာယ်နှင့် နှစ်ဆခန့်ပိုမိုကြုံတွေ့ရမည်ဟု British Medical ဂျာနယ်တွင် ရေးသားဖော် ပြခဲ့သည်။ ဆေးလိပ်သောက်သုံးခြင်းမရှိဘဲ အ၀လွန်နေသူများသည် ဆေးလိပ်သောက် သုံးသော လူဝကြီးများကဲ့သို့ပင် ဘေးအန္တ ရာယ်ရှိနေသည်ဟု ဆိုသည်။ ခန္ဓာကိုယ်အညွှန်းကိန်း(BMI) ၁၈ဒသမ၅ထက် လျော့နည်းသော ပိန်လွန်း သူများမှာ စောစီးစွာ သေဆုံးခြင်းအန္တရာယ် မှ သိသိသာသာကြုံတွေ့ရခြင်းမရှိသော်လည်း (BMI) ၁၇ထက် လျော့နည်းသော ပိန်လွန်း သူများမှာ အ၀လွန်သူများကဲ့သို့ပင် ဘေးဥပဒ် ကြုံတွေ့ရဖွယ်ရှိသည်ဟုဆိုသည်။ ၁၉၄၉ ခုနှစ်နှင့် ၁၉၅၁ခုနှစ်က စစ်မှုမထမ်းမနေရ စစ်မှုထမ်းသူ ၄၅၉၂၀အနက် ပုံမှန်အောက် ကိုယ်အလေးချိန်လျော့နည်းမှုကြောင့် သေ ဆုံးရသူ ၃၀၀၀ခန့်ရှိသည်ကို လေ့လာတွေ့ ရှိခဲ့ရသည်။ အသက် ၁၈နှစ်အရွယ်ရှိ အ၀ လွန်နေသူများသည် အချိန်မတိုင်မီ သေဆုံး ရမည့်အန္တရာယ်ကို ပိုမိုကြုံတွေ့ရဖွယ်ရှိသည် ဟု သုတေသနအဖွဲ့အား ဦးဆောင်လျက်ရှိ သူ ဒေါက်တာမာတင်က ရေးသားဖော်ပြခဲ့ သည်။ လေ့လာသုတေသနပြုသူတို့၏အဆို အရ လူငယ်လူရွယ်များတွင် ကိုယ်အလေး ချိန် အဆမတန်များပြား၍ အ၀လွန်နေသူ အရေအတွက်တိုးပွားလာနေလေရာ ၎င်းတို့ တွေ့ကြုံရမည့်ဘေးအန္တရာယ်အား စောစီး စွာ ကိုင်တွယ်ဖြေရှင်းခြင်းမပြုပါက အနာဂတ် မျိုးဆက်တွင် ကျန်းမာရေးပြဿနာများနှင့် ပိုမိုကြုံတွေ့လာဖွယ်ရှိနေသည်ဟု ဗြိတိသျှ နှလုံးရောဂါဖောင်ဒေးရှင်းမှ ပြောကြားခဲ့ သည်။ [Ref:Internet]/KH
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment