.

သတင်း အထောက်အကူပြု ဓါတ်ပုံ © wesleyjsmith
အနီရောင်ရှိသော အသားများများ စားသုံးခြင်း သည် အသက်ကြီး လာချိန်တွင် မျက်စိကွယ် သွားစေရန် တွန်းအား ပေးတတ်ကြောင်း ပညာရှင်များ က သတိပေး လိုက်သည်။
အမဲသား၊ ၀က်သားနှင့် သိုးသားကဲ့သို့ အနီရောင်ရှိသော အသားများ တစ်ပါတ်လျင် (၁၀) ကြိမ်အထက် စားပါက မျက်စိကန်း သွားနိုင်ခြေ (၅၀) ရာခိုင်နှုန်း တိုးလာကြောင်း သိရှိရသည်။ သို့သော်လည်း ကြက်သားကဲ့သို့ အနီရောင်မဟုတ်သော အသားများ စားပါက ထိုရလဒ်နှင့် ဆန့်ကျင်စွာ အမြင်အာရုံအတွက် အထောက်အကူပြုကြောင်း ဩစတြေးလျနိုင်ငံ မဲဘုန်းတက္ကသိုလ်မှ သုတေသီများက ပြောကြားခဲ့သည်။ ၎င်းတို့သည် အသက် (၅၀) မှ (၆၀) အကြား သက်ကြီးပိုင်းပုဂ္ဂိုလ် (၅၆၀၀) တို့အား (၁၃) နှစ်ကြာ လေ့လာမှုများ ပြုလုပ်ပြီး ယခုကြေငြာချက်ကို ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။
အနီရောင်အသားများကို များများစားလေလေ၊ မျက်စိအတွက် စိုးရိမ်ရလေလေ ဖြစ်သော်လည်း ကြက်သားကို တစ်ပါတ်လျင် (၄) ကြိမ်အထက် စားသောက်ပါက မျက်စိမှုန်မှုကို ကာကွယ်နိုင်သည့်စွမ်းရည် (၅၇) ရာခိုင်နှုန်း တိုးများလာနိုင်ကြောင်း ပညာရှင်များက ထောက်ခံသွားကြသည်။
0 comments:
Post a Comment