အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဘီဘာလီတောင်ကုန်းရှိ Liposculpture အဆီထုတ်
ဆေးခန်းပိုင်ရှင် ဒေါက်တာအလန်ဘစ်နားသည် ဝေဒနာသည်များ ထံမှ အဆီကို လိုသည်ထက်ပို ထုတ်၍ ၎င်းကို
လောင်စာဆီအဖြစ်ပြောင်းလဲပြီး ၎င်း၏ကားတွင် ထည့်သွင်းအသုံးပြုသည်ဟု မီဒီယာ သတင်းများတွင် ဖော်ပြပါရှိ
သည်။ ၎င်းက ကမ္ဘာကြီးကိုကယ်တင်ရန်ဟူသောစိတ်ကောင်းစေတနာဖြင့်ဆောင်ရွက်ခြင်းဖြစ်သည်ဟုပြောသည်။
အဆီပိုမိုထုတ်ယူသဖြင့် ဝေဒနာရှင်များသည် ပုံပျက်ပန်းပျက်ဖြစ်၍ ကျန်ခဲ့သည်ဟု စွတ်စွဲပြောဆိုကြသည်။ အမေ
ရိကန်နိုင်ငံတွင် လူ၏အစိတ်အပိုင်းအား လောင်စာအဖြစ်အသုံးပြုခြင်းကို ပိတ်ပင်ထားသည်။ (ဆင်ဟွာ)
0 comments:
Post a Comment