မော်လမြိုင် အောက် ဈေး ကြီး မီးလောင် ကျွမ်း

မော်လမြိုင် -ဒီဇင်ဘာ ၁ ၊

မော်လမြိုင် မြို့ ရဲ့ အထင်ကရဈေးကြီးဖြစ်တဲ့ အောက်ဈေးကြီးဟာ ညနေ ၅ နာရီခန့် စတင်မီးလောင်ခဲ့ ပြီးည ၈ နာရီလောက်မှ ငြိမ်းသတ်နိင်တယ်လို့ သိရပါတယ်။ တဈေးလုံး နီးပါး မီးလောင်ကျွမ်းသွားပါတယ်။ လူတွေယောက်ယက်ခတ်နေတယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် ဈေးထဲရှိ အဖိုးတန်ပစ္စည် အတော်များများ ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

တချို့ ဈေးသည်များ ကုန်ပစ္စည်းများ ကို အချိန်မှီသည်ထုတ်နိင်ပြီး တချို့  ကတော့ အားလုံးဆုံးရှုံး သွားတယ်လို့  မော်လမြို င်

မြို့  ခံတဦး က ဆိုပါတယ်။
မော်လမြိုင်မြို့ တမြို့ လုံး မီးသတ်ကား ၃ စင်းသာ ရှိတဲ့အတွက် မီး ကို နိင်နိင်အောင်မငြိမ်းသတ်နိင်ဘူးလို့  မြို့ ခံ ဈေးသည်တဦးက ဆိုပါတယ်။ ဒီဈေးကြီးက ဆိုင်းခန်းတခန်း ကို သိန်း ၃ရာ မှာ ၄ ရာ အထိပေါက် တယ်။ ဒီဈေးက ထိုင်းနယ်စပ်က ကုန်များ တပြည်လုံးကို မဖြန့် မှီမှာ တခေါက်နား တဲ့နေရာဖြစ်တဲ့အတွက် အလွန် အချက်အချာတဲ့ဈေးဖြစ်ပါတယ်။

ကုန်လှေင် ဒိုင် တွေ အတော်များများ ရဲ့  ဆိုင်တွေ ပါသွားတယ်လို့ သိရပါတယ်။ မြို့ လုံးက ဒီဈေးကို မှီပြီး လုပ်ကိုင် စားသောက်ကြတဲ့အတွက် ဆုံးရှုံးမှု ပမာဏ က ကြီးမားနိင်ပါတယ်။ မီးလောင်စဉ် က မီးသတ်ကား မနိင်တဲ့ အတွက် မြို့ လူထုက တက်ညီလက်ညီ ၀ိုင်းဝန်း ငြိမ်းသတ် ပေးကြတယ်။

မြို့  ထဲ က ရေကားများ မြစ်မှရေ များ ကို ကူသည်ပေးကြတယ်။ ကျောင်းသား လူငယ်များ နဲ့  သံဃာ တော်များ ပါ ၀ိုင်းဝန်း ကူညီ ငြိမ်းသတ်ပေးတဲ့အတွက် မီးက မြို့  ကို မကူး ပဲဖြစ်သွားရတာလို့ သိရပါတယ်။

လေက မြောက်ဖက် ကနေ တောင်ဖက်ကို တိုက်နေတဲ့ အတွက် ဖက်တန်း ၊ သထုံ တံတားလမ်း၊ မြိတ်တံတားလမ်း၊ တောင်ပေါ်တန်း နဲ့  အောက်ဈေး တန်းတွေ မီး လောင် သွား ပါတယ်။ သဘောင်္ကျင်းဖက် ကိုတော့ မီးမလောင်ဘူး ဟု သိရပါတယ်။

0 comments: