ကပ္ပလီ ပင်လယ်ပြင်တွင် လူ ၃၀၀ ခန့် ရေနစ် ပျောက်ဆုံး



29/Dec/2008






အိန္ဒိယကပ္ပလီပင်လယ်နှင့် နီကိုဘားကျွန်းစုကမ်းလွန်ရေပြင်တွင် ယမန်နေ့က တရားမ၀င်ကူးပြောင်းဝင်
ရောက်ရန်ကြိုးပမ်းသူများ စီးနင်းလိုက်ပါလာသော ရေယာဉ်တစ်စင်းသည်ဦးတည်ရာမဲ့မျောပါနေစဉ်ခရီးသည်များ
က ရေထဲသို့ ကြောက်လန့်တာကား ခုန်ချခဲ့သဖြင့် လူ ၃၀၀ ခန့်ပျောက်ဆုံးနေဆဲဖြစ်ကြောင်းသိရသည်။မလေးရှား
နိုင်ငံသို့ တရားမ၀င်ခိုးဝင်ရန် ကြိုးပမ်းသည့် လူ ၄၀၀ကျော်စီးနင်းလိုက်ပါလာသောအဆိုပါရေယာဉ်သည်ဘင်္ဂလား
ပင်လယ်အော်အတွင်း ၁၀ ရက်မှ ၁၅ ရက်ကြာခန့် မျောပါနေစဉ် မီးပြတိုက်တစ်ခုအား တွေ့ရှိရာမှ စီးနင်း လိုက်ပါ
သူများက ရေထဲသို့ ခုန်ချ၍ ကမ်းခြေသို့ ရောက်ရှိအောင် ကြိုးပမ်း ကူးခတ်ခဲ့ကြသည်။ ယင်း ဖြစ်ရပ်ကြောင့် ခရီး
သည် ၁၀၀ ကျော်ကိုသာ လတ်တလောကယ်တင်နိုင်ခဲ့ပြီး ပျောက်ဆုံးနေသူများကို ဆက်လက် ရှာဖွေ နေဆဲဖြစ်
သည်။ ယင်းတို့ထဲတွင်ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနိုင်ငံသားများပါဝင်ဖွယ်ရှိသည်ဟုသတင်းများကဆိုသည်။(ဘီဘီစီ)



0 comments: